top of page

အသင်းလိုက် စုစည်းမှု ရှိမယ်ဆိုရင်...

  • Writer: FFM Sports
    FFM Sports
  • Feb 14, 2022
  • 1 min read

မြန်မာ ယူ ၂၃ အသင်းဟာ အာဆီယံ ယူ ၂၃ ချန်ပီယံရှစ်ပွဲစဥ် ပထမဆုံးပွဲအဖြစ် လာမယ့် ၁၅ ရက်နေ့မှာ မလေးရှားအသင်းနဲ့ စတင်ကစားရတော့မှာဖြစ်ပါတယ်။ မြန်မာယူ၂၃ အသင်းအနေနဲ့ ပြင်ဆင်လေ့ကျင့်မှုကို ပြည်တွင်းမှာသာ ပြုလုပ်ခဲ့ရပြီး ခြေစမ်းပွဲယှဥ်ပြိုင်ခဲ့ခြင်းတော့ မရှိသေးပါဘူး။ ဒီလိုအချိန်မှာ ပွဲဦးထွက်ကို မလေးရှားနဲ့ ကစားရမှာဆိုတာကတော့ အခက်အခဲတွေ့နိုင်ပါတယ်။ လက်ရှိ မြန်မာယူ ၂၃အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးရှိနေတယ်လို့သိရပြီး ဘယ်ကစားသမားဆိုတာကတော့ မသိရသေးပါဘူး။

အေအက်ဖ်အက်ဖ် ယူ ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး အသင်း ၈ သင်းပါ၀င်ယှဥ်ပြိုင်ခဲ့ပါတယ်။ မြန်မာ ယူ ၂၃ အသင်းက မလေးရှား၊ တီမော၊ ဖိလစ်ပိုင်တို့နဲ့အတူ တစ်အုပ်စုထဲ ကျရောက်ခဲ့ပြီး ဖိလစ်ပိုင်ကို ၆ဂိုး ၂ဂိုး၊ တီမောကို ၇ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီး မလေးရှားကို ၁ဂိုးစီသရေကစားခဲ့ပါတယ်။ အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ စင်ကာပူကို ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယနေရာသာယှဥ်ပြိုင််ခဲ့ရပါတယ်။ တတိယနေရာလုပွဲမှာတော့ မလေးရှားကို မိနစ်၉၀အထိ ၁ဂိုးစီသရေကျနေတာ​ကြောင့် ပင်နယ်တီအဆုံးအဖြတ်ကစားခဲ့ပြီး မြန်မာယူ ၂၃ အသင်းက ၄ဂိုး ၂ဂိုးနဲ့ တတိယနေရာ ရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် အာဆီယံ ယူ ၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ဗိုလ်စွဲခဲ့ပါတယ်။

၂၀၀၅ နောက်ပိုင်းမှာ ပြန်လည်ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ၂၀၁၉ခုနှစ်မှသာ အာဆီယံ ယူ ၂၂ ချနမပီယံရှစ် ခေါ် အယ်လ်ဂျီဖလား အမည်ဖြင့် ပြန်လည်ကျင်းပခဲ့ပါတယ်။ မြန်မာ ယူ ၂၂ အသင်းက ကမ္ဘောဒီယား၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်ခဲ့ပြီး အင်ဒိုနီးရှားကို တစ်ဂိုးစီသရေ၊ မလေးနဲ့ကမ္ဘောဒီးယားကို ရှံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

လက်ရှိအချိန်အထိ မြန်မာယူ ၂၃ အသင်းရဲ့အခြေအနေဟာ စုစည်းလေ့ကျင့်မှုအပေါ်မှာသာ မူတည်နေပြီး ပြိုင်ပွဲရောက်မှသာ ခြေစွမ်းအမှန်ကိုအကဲခတ်ရမှာပါ။ လူစာရင်းဖြတ်ချိန် မလေးရှားလိဂ်မှာ အတွေ့အကြုံအတန်အသင့်ရနေတဲ့ ဟိန်းထက်အောင်ကို ခေါ်မလာခဲ့ခြင်းကတော့ သိပ်ဘ၀င်မကျစရာပါ။ ဒါပေမယ့် အာသာဖ အပါအ၀င် လက်ရှိလူစာရင်းကလည်း သိပ်မဆိုးလှတဲ့အနေအထားပါ။ နည်းပြချုပ် ပိုပေါ့ဗ်အနေနဲ့ အနီကတ်မထိဖို့ သိတ်ထိန်းသွားရမှာဖြစ်ပြီး အရေးကြီးပွဲတွေကို လက်လွတ်ခံလို့မရပါဘူး။

ပြိုင်ပွဲစည်းမျဥ်းအရ အုပ်စု ၃ စုက ထိပ်ဆုံး ၃ သင်း ဆီမီးတက်ရောက်မှာဖြစ်ပြီး ဒုတိယနေရာက အကောင်းဆုံး ၁ သင်းလည်း ဆီမီးတက်မှာဖြစ်ပါတယ်။ အင်ဒိုအသင်းကတော့ ပြိုင်ပွဲနီးမှ ထွက်ခွာသွားခဲ့လို့ မြန်မာအသင်းအနည်းငယ်သက်ရှုချောင်သွားပါတယ်။

ဒါပေမယ့် စုစည်းမှုအားနဲ့ ပြိုင်ဘက်တိုင်းကို သေချာကစားမယ်ဆိုရင် နေရာတစ်ခုတော့ ရရှိလာနိုင်မှာပါ။ အိမ်အပြန်နှစ်သစ်လက်ဆောင်ကို မြန်မာပရိသတ်တွေအတွက် ယူလာပေးနိုင်ပါစေလို့ မျှော်လင့်ရင်း။....


Comentários


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page