top of page

မြန်မာ့ဖူဆယ်တစ်ခေတ်ကို လှပစေခဲ့သူ (သို့မဟုတ်)ဖူဆယ်အသင်း နည်းပြချုပ် Boonlert Charoenwong

  • Writer: FFM Sports
    FFM Sports
  • Apr 5, 2022
  • 1 min read

သူ့နာမည်က Boonlert Charoenwong။ သူက ထိုင်းလူမျိုး ဖူဆယ်နည်းပြတစ်ဦး ဖြစ်သည်။ ဘွန်းလတ်သည် ထိုင်းနိုင်ငံတွင် ထိပ်တန်းဖူဆယ်အသင်းနည်းပြတစ်ဦးဖြစ်ပြီး အသင်းများစွာကို ကိုင်တွယ်ခဲ့သည်။ နိုင်ငံ့လက်ရွေးစင်အသင်းအပြင် ကလပ်အသင်းများကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်သည်။ ထိုင်းအမျိုးသမီးဖူဆယ်လက်ရွေးစင်အသင်း၊ ထိုင်းအမျိုးသားဖူဆယ်အသင်း၊ ထိုင်းတက္ကသိုလ်အသင်း၊ လာအိုဖူဆယ်အသင်းအပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် ထရိန်နာတစ်ဦးအဖြစ်လည်းတာ၀န်ထမ်းဆောင်ခဲ့သည်။


လွန်ခဲ့တဲ့ ၉လ လောက်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဘွန်းလတ်ကို မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို ကိုင်တွယ်ရန် တာ၀န်ပေးအပ်ခဲ့သည်။


အဲ့ဒီ့အချိန်မှာ ဘွန်းလတ်က "ကျနော် ပန်းတိုင် ရောက်အောင်ကြိုးစားသွားမှာပါ။ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းမှာ ဆုတံဆိပ်တစ်ခု ရရှိနိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။


တကယ်လည်း သူ့အသင်းက ကိုးလတာကာလအတွင်းမှာ အတော်လေး အားရစရာ အခြေအနေတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ မြန်မာဖူဆယ်အသင်းဟာ ထိုင်းဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲမှာ မာမာထန်ထန်နဲ့ ကစားနိုင်သလို ဂိုးသမားနဲ့ နောက်တန်းစည်းချက်ပိုညီလာပါတယ်။ ယခုအာဆီယံဖူဆယ်ချန်ပီယံရှစ်ပွဲစဥ်မှာတော့ ရုပ်လုံးပေါ်လာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်ခဲ့တဲ့ ဗီယက်နမ်အသင်းကို တစ်ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေ ထိုင်းလူမျိုးနည်းပြဘွန်းလတ်ရဲ့ စွမ်းဆောင်ရည်တွေကတော့ မှတ်တမ်းတင်စရာပါ။....

Comments


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page