
မရုန်းသာသော်လည်း ရှိသလောက် ခွန်အားနှင့်...
- FFM Sports
- Jan 15, 2022
- 1 min read
မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား ပြိုင်ပွဲကို ယခုလတွင် ယှဥ်ပြိုင်ရတော့မည်ဖြစ်သည်။ မြန်မာအသင်းနှင့် တစ်အုပ်စုထဲ ယှဥ်ပြိုင်ရမည်က လက်ရှိကမ္ဘာ့အဆင့် ၁၃ - ဂျပန်၊ လက်ရှိကမ္ဘာ့အဆင့် ၁၈ - တောင်ကိုရီးယား၊ လက်ရှိကမ္ဘာ့အဆင့် ၃၂ - ဗီယက်နမ် အသင်းတို့နှင့် ဖြစ်နေသည်။ မြန်မာအသင်းက လက်ရှိကမ္ဘာ့အဆင့် ၄၇ တွင် ရပ်တည် နေပြီး စာရွက်ပေါ်အရကော အပြင်မှာပါ အတော်ရုန်းကန်ရမည်ဖြစ်သည်။ အသင်းအားလုံးသည် အသင်းကြီးများဖြစ်နေသဖြင့် အတော်ကစားရမည်ဖြစ်သည်။ သို့ရာတွင် ဂျပန်၊ တောင်ကိုရီးယား လိုအသင်းများကို ပြိုင်ပွဲ တွင် ယှဥ်ပြိုင်နေရသည့်အတွက် အခွင့်အရေးကောင်းရရှိနိုင်သည်ကတော့အမှန်။ အမျိုးသမီးဂျပန်လိဂ် ကလည်း အာဆီယံ အပါအဝင် မြန်မာကစားသမားများကို သူတို့လိဂ်တွင် လာရောက်ကစားရန်ဖိတ်ခေါ်ထားသည်ကလည်း မြန်မာကစားသမားများ ခြေစွမ်းပြသနိုင်ပါက ကင်းထောက်များ၏ ရွေးချယ်မှတ်ချက်ပြုမှုတွင် ပါဝင်နိုင်သေးသည်။ မည်သို့ပင်ဆိုစေ ရှိသမျှ စုစည်းမှု အင်အားနှင့် ရုန်းကန်ကစားကြပါဟု တိုက်တွန်းလိုက်ရတော့သည်။
ဝဇီရာသား
Comentarios