top of page
Writer's pictureFFM Sports

ထိုင်းလိဂ်၀မ်းမှာ မြန်မာ့ကြယ်တစ်ပွင့် ထပ်ပေါ်လာမှာလား။

၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထိုင်းလိဂ် ၂ ကလပ် လမ်ပန်၀ါရီယာအသင်းကို မောင်မောင်လွင်ပြောင်းရွှေ့ခဲ့ပြီး ပွဲဦးထွက်မှာတင် အသင်းပရိသတ်တွေ နည်းပြဆရာတွေအကြိုက်ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ထိုင်းလိဂ် ၂ရဲ့အခြေအနေကို နည်းနည်းပြောပြချင်ပါတယ်။ ထိုင်းလိဂ် ၂ဟာ ပိုမိုတိုးတက်လာနေပြီး ပြည်ပကစားသမားတွေကို အင်အားပြည့်ပြည့်နဲ့အသုံးပြုနေတဲ့ လိဂ်ဖြစ်ပါတယ်။ မောင်မောင်လွင်ရဲ့အသင်းမှာတင် ဘာစီလိုနာ ကစားသမားဟောင်း ဆူရက်ဇ် နဲ့ လီဗာပူး ကစားသမားဟောင်း ဆစ်ဆိုကိုတို့ ကစားနေပါတယ်။ ဒါကို ကြည့်တာနဲ့ ထိုင်းလိဂ် ၂ ဟာ အဆင့်နိမ့်မနေဘူးဆိုတာ ပြသနေတာပါ။

လောလောဆယ်လမ်ပန်၀ါရီယာအသင်းဟာ ထိုင်းလိဂ် ၂ ကလပ် အမှတ်ပေးဇယားမှာ အဆင့် ၂ က အသင်း ဖြစ်တဲ့ ဆူခိုထိုင်းအသင်းရဲ့ ၄၆ မှတ်နဲ့အမှတ်တူနေပြီး ဂိုးကွာခြားချက်ကြောင့်သာ အဆင့် ၃ နေရာရပ်တည်နေခဲ့တာဖြစ်ပါတယ်။ အကယ်၍သာ ရာသီကုန်မှာ အဆင့် ၂နေရာ ရရှိခဲ့မယ်ဆိုရင် ထိုင်းလိဂ်၀မ်းတက်ဖို့အခြေအနေအတော်ကောင်းသွားပါပြီ။ ဒါဆိုရင်မောင်မောင်လွင်အနေနဲ့ လမ်ပန်အသင်းနဲ့အတူ ထိုင်းလိဂ်၀မ်းကို ကစားနိုင်မှာပါ။ လောလောဆယ် ထိုင်းလိဂ်၀မ်းမှာ အောင်သူ ကစားနေတဲ့အတွက် မောင်မောင်လွင်သာကစားခဲ့မယ်ဆိုရင် မြန်မာ့လက်ရွေးစင် ၂ဦး ကစားနေတော့မှာ ဖြစ်ပါတယ်။ စာရေးသူကတော့ မြန်မာကစားသမား အများအပြား ကစားနေတာကို ပိုမိုမြင်တွေချင်မိပါတယ်။


285 views0 comments

Comments


Post: Blog2_Post
bottom of page