top of page

မြန်မာအသင်းအတွက် အားထားရနိုင်လောက်တဲ့ ကျောက်ရိုင်းတုံးတစ်တုံး

  • Writer: FFM Sports
    FFM Sports
  • Dec 16, 2021
  • 1 min read

အောင်ကောင်းမန် (သို့)

မျှော်လင့်ခွင့်ရှိအုန်းမယ်ဆို မျှော်လင့်ချင်မိသေးတဲ့ မြန်မာအသင်းအတွက် အားထားရနိုင်လောက်တဲ့ ကျောက်ရိုင်းတုံးတစ်တုံး


မြန်မာလက်ရွေးစင်အသင်းကို 2007 ဝီနိုထိုင်းတို့ ခြေစွာခဲ့တဲ့ ထိုင်းဆီးဂိမ်း ငွေခတ်ကစ အားပေးခဲ့ပီး တစ်ဦးချင်းအကြိုက်ကစားသမားရယ်လို့ မယ်မယ် ရရ မရှိခဲ့ပဲ အသင်းလိုက် ကိုသာ အားပေးဖြစ်ခဲ့ပါတယ် နောက်ပိုင်းနေရှယ်နယ်လိဂ်ပေါ်လာချိန်မှာတော့ စိတ်ကြိုက်ကစားသမားတွေရှိလာခဲ့ပီး မှတ်မှတ်ရရ မြန်မာ အသင်းရဲ့စိတ်ကြိုက်ကစားသမားတွေဆိုရင်တော့ ပိုင်စိုး ဇော်လင်းထွန်း ကျော်ဇင်ထက် စည်သူအောင် ငြိမ်းချမ်းအောင် ကောင်းဆက်နိုင် သိန်းသန်းဝင်း ကျော်ဇင်လွင် ကျော်မင်းဦး မောင်မောင်လွင် နဲ့ လက်ရှိလူငယ်တွေထဲမှာဆိုရင်တော့ အောင်ကောင်းမန် မြတ်ကောင်းခန့် နဲ့ လွင်မိုးအောင် တို့ကို သဘောကျမိပါတယ်


အဲ့ထဲကမှ မကွေတိုင်းတောင်တွင်းကြီးမှာ မွေဖွားခဲ့တဲ့ ခန္ဓာကိုယ်တောင့်တောင့် တင်းတင်း နဲ့ kick power ကောင်းကောင်း နေရာယူမှု အတိုးအလှုပ်တွေ တိုးတက်လာနေတဲ့ (Lone striker,Target man) အဖြစ်ကစားနိုင်တဲ့ အောင်ကောင်းမန်ကတော့ လက်ရှိမြန်မာကစားတွေထဲက အတိုးတက်ဆုံးကစားသမားတစ်ယောက်အဖြစ်လို့ ပြောလို့ရနေပါတယ်


လက်ရှိမှာလဲမလေးရှားSuper Leagueက Sri Pahang ဆိုတဲ့ အသင်းမှာFirst line up အဖြစ် နှစ်ပွဲဆက် ပွဲထွက်ခွင့် ရရှိထားပီး တစ်ဂိုးရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်

ဒါအပြင့် အောင်ကောင်းမန် ဟာ လက်ရှိ မြန်မာနိုင်ငံ မှာ ပုံမှန်လိဂ်တွေနဲ့ training တွေ မရှိတဲ့အချိန် နိုင်ငံခြားလိဂ်တွေဆီသွားကစားခွင့်ရနေကြတဲ့ ကစားသမားတွေထဲက ကျွန်တော် တို့ မြန်မာဘောလုံးချစ်ပုရိတ်သတ်တွေ အတွက် မျော်လင့်ချင်စရာအကောင်းဆုံး လူငယ် ကစားသမားအဖြစ်လဲရှိနေပါတယ်


အောင်ကောင်းမန် ရဲ့ လက်ရှိခြေစွမ်းက မြန်မာအသင်း(အာဏာမသိမ်းခင်ကအသင်းအနေအထား) ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းရဲ့ အဖြေတစ်ခု လဲဖြစ်လာနိုင်ပါတယ် ပီးခဲ့ တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းမှာ အားထားခဲရတဲ့ အောင်ကောင်းမန် တစ်ယောက် လာမယ့် ဗီယက်နမ် ဆီးဂိမ်းမှာကော ခြေစွမ်းပြနိုင်အုန်းမလားကိုတော့စောင့်ကြည့်သွားရမှာ


တကယ်တော့ ဗီယက်နမ် ဆီးဂိမ်းမတိုင်ခင် ဒီနှစ် October လထဲမှာပဲ Asia ဖလား qualifier ပွဲစဦတွေ ကစားဖို့ရှိနေတာကြောင့် အဲ့ပွဲစဉ်တွေအတွက် လဲ ကျွန်တော်တို့ မြန်မာအသင်းရဲ့ အဓိကကစားသမားတွေစုံစုံလင်လင်နဲ့ ပြန် လေ့ကျင့်ခန်းဆင်းပီး ပြိုင်ပွဲဝင်တာမျိုး မြင်တွေ့ချင်မိပါတယ်

ဂျပန် မှာသွားကစားခဲ့ တဲ့ ပွဲစဉ်တွေလို ရှုံးမှာမှန်းသိပေမယ့် ဖြစ်သလို လူစာရင်း နဲ့တော့ သွားမကန်သင့်တော့ပါဘူး ပွဲစဉ်ဇယားနဲ့ အသေးစိတ်ကို တော့နောက်မှပဲ ထပ် တင်ပေးပါ့မယ်ခင်ဗျ

လောလောဆယ်တော့ Potential ကောင်းနေတဲ့ အောင်ကောင်းမန်နဲ့ အောင်သူ မောင်မောင်လွင်တို့ ရဲ့ တိုက်စစ် တွဲလုံးတွေကို ကြည့်ချင်နေမိသလို ကပ်ဆိုးတွေ ကြုံနေရတဲ့ ကျွန်တော်တို့နိုင်ငံကြီးကို လဲ အမြန်ဆုံးအေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေပြန်ဖြစ်စေချင်နေပါပီ


ကျွန်တော်ကတော့ မြန်မာအသင်းဟာ ဘယ်လိုရလဒ်ပဲဖြစ်ပေါ်နေပါစေ မြန်မာ အသင်းရဲ့ ပွဲရှိတယ်ဆိုတာ နဲ့ မြန်မာလူမျိုးတစ်ဦး ပီပီ ကို့နိုင်ငံကိုချစ်တဲ့စိတ်နဲ့ မြန်မာအသင်းကို အကောင်းဆုံး အားပေးနေအုန်းမှာပါ <3


Comments


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page