မြန်မာအသင်း လူစုံမှာလား
- FFM Sports
- Oct 2, 2021
- 0 min read
<Unicode>
ရိုနယ်ဒို မန်ယူကို မရောက်လာခင်က မန်ယူရလဒ်တွေသိပ်မကောင်း။ သူပြောင်းလာပြီးတော့ ရှုံးပွဲတွေ့ရင်တောင် အားတော့ပြန်တက်ကြသည်။ အရင်က မန်ယူကိုပြန်တွေ့ပြီပေါ့။ ဒါပေမယ့် ရိုနယ်ဒို မန်ယူကို မပြောင်းလာလည်း မန်ယူဖန်က တော့ မန်ယူကိုပဲ အားပေးကြမှာပါ။အရင်ကမန်ယူ အခုတစ်ခြားအသင်းပြောင်းအားပေးကြမှာမဟုတ်။ နောက်ဆုံး ဒီရာသီမန်ယူ ဘယ်ဖလားမှမရရင်တောင်မှ မန်ယူဖန်က မန်ယူဖန်သာ။ ပြောင်းလဲမည်မဟုတ်ပေ။ ကျွန်တော်တို့မြန်မာ့လက်ရွေးစင်အသင်းက လာမည့်ဒီဇင်ဘာလတွင် ဆူဇူကီးဖလား ပြိုင်ပွဲကို ယှဥ်ပြိုင်ကြတော့မည်ဖြစ်သည်။ ပုံမှန်သာဆိုရင်တော့ ပြည်ပထွက်ကစားနေတဲ့ တိုက်စစ်မှူးတွေ လူငယ်တွေသာ ပါဝင်ကစားခဲ့မယ်ဆိုရင် အခြေအနေတစ်ခုအထိတော့ မျှော်လင့်လို့ရနိုင်သေးသည်။ သို့ပေမယ့် လက်ရှိအခြေအနေကတော့ လေ့ကျင့်ချိန်မရ၊ ပြည်တွင်းပွဲစဥ်တွေမကစားရတာကြာနေကြသည့် ပြည်တွင်းကစားသမားများနှင့် ပါဝင်မည်မသေချာသေးသည့် ပြည်ပကစားသမားများ ပေါင်းစပ်နေသည့် မြန်မာအသင်းကို မျှော်လင့်ချက်ကြီးကြီးမားမားထားမိမယ်ဆိုရင်ဖြင့်.....
<Zawgyi>
Comentarios