top of page

မြန်မာအသင်းနှင့် ဆူဇူကီးဖလား

  • Writer: FFM Sports
    FFM Sports
  • Dec 20, 2021
  • 1 min read

မြန်မာအသင်းကတော့ ဆူဇူကီးဖလား ပြိုင်ပွဲကနေတော့ နုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်သည်။ ဒီနှစ် ၂၀၂၁ ခုနှစ်ရဲ့ပြိုင်ပွဲကတော့ ပြောစမှတ်တွင်ခဲ့ပြီး အသင်းတိုင်းလိုလိုမှာ ကိုဗစ်ရောဂါကူးစက်ခံနေရသည့် ကစားသမားအချို့ကြောင့် ပြိုင်ပွဲကို ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရသည်။ ထိုအထဲတွင် မြန်မာအသင်းကတော့ ပိုမိုရင်ဆိုင်ရပြီး နာမည်ကြီး ကစားသမားများ အသင်းတွင်ပါဝင်ရန်ငြင်းဆိုခဲ့ပြီးနောက် လက်ကျန်ကစားသမားများဖြင့်နည်းပြက စုစည်းယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့ရသည်။

ပြိုင်ပွဲ မစတင်မီ လူစာရင်းဖြတ်ရာတွင် နောက်ခံလူ ဇော်မင်းထွန်း ၊ ရှေ့တန်းကစားသမားများဖြစ်ကြသည့် အောင်သူ၊ ကျော်ကိုကို၊ ဂိုးသမား ကျော်ဇင်ထက် တို့က လက်ရွေးစင်တွင် ကစားရန်ငြင်းဆန်ခဲ့ကြသည်။ နည်းပြအန်တိုနီဟေး က လက်ရွေးစင် တွင် ပါဝင်ရန်ငြင်းဆန်ခဲ့ကြသည့်ကစားသမားများကို လက်ရွေးစင် မှအနားယူပြီဟု ပြောခဲ့သဖြင့် ပွဲဆူကြသေးသည်။

ကစားသမားတိုင်းသည် အသင်းတွင် ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သဖြင့် သူတို့၏ လွတ်လပ်ခွင့်သာဖြစ်သည်။

ထို့နောက် မြန်မာအသင်းသည် မလေးရှားနိုင်ငံ တွင် ကစားနေသည့် အောင်ကောင်းမာန် ၊ ဟိန်းထက်အောင် တို့ကိုပြန်လည်ခေါ်ယူကာ လက်ရွေးစင် တွင် အားဖြည့်ခဲ့ကြသည်။ ေခြစမ်းပွဲတွင် အင်ဒိုနီးရှား ကို ဂိုးပြတ်အရေးနိမ့်မှုကလည်း ပြိုင်ပွဲ အတွက် လိုအပ်နေသေးကြောင်း ပြသနေသည်။ လပေါင်းများစွာ လေ့ကျင့်ခန်း များ၊ ကလပ်အသင်းပြိုင်ပွဲများတွင်မကစားရတာကြာနေသည့် မြန်မာကစားသမား များအဖို့ သက်လုံ၊ ကြံ့ခိုင်မှုတွေက ဒီပြိုင်ပွဲကို ယှဥ်ပြိုင်ဖို့ ခက်ခဲနေသည်။

ပထမပွဲ အိမ်ရှင်စင်ကာပူအသင်းနှင့်ကစားတော့ မြန်မာအသင်း၏ ပုံစံက နဂိုပုံစံတွင်ရှိမနေဘဲ မိနစ်နှစ်ဆယ်ကျော်ကျော်တွင် အသင်းလိုက်ကစားအားကျသွားသည်။ ဒီပွဲမတိုင်ခင်တွင် ကစားသမားအားလုံး ကိုဗစ်စစ်ဆေးမှုခံယူခဲ့ကြရပြီး လူစာရင်းဖြတ်ရန် ခက်ခဲနေသည့်အချိန်လည်းဖြစ်သည်။

ဒုတိယပွဲ စဥ် တီမောအသင်းကို နှစ်ဂိုးပြတ်နိုင်ခဲ့ပြီး ထိုင်းကို ဂိုးပြတ်ဖြင့် ပြန်လည်အရေးနိမ့်ခဲ့ရသည်။ နောက်ဆုံးပွဲစဥ် အဖြစ် ဖိလစ်ပိုင်ကို ၂ဂိုး ၃ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီး အုပ်စုမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်း၏ ပွဲစဥ်ကတော့ ဒီနှစ်မှာ ပြီးဆုံးသွားခဲ့ပြီး နောက်နှစ်တွင် ပြိုင်ပွဲ အသစ်များလည်း ထပ်မံယှဥ်ပြိုင်ရပေဦးမည်။ ဘာပဲပြောပြော မြန်မာပရိသတ် များသည်လည်း အခက်အခဲများကြားမှပင် မြန်မာအသင်းကို စိတ်မနာရက်၊ စိတ်မကုန်ရက်ပဲ အားပေးနေကြဦးမည်ဟုသာ။....


ဝဇီရာ သား

၂၀၊ ဒီဇင်ဘာ လ၊ ၂၀၂၁

Comments


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page