top of page

ဖြေရှင်းရခက်တဲ့ ပုစ္ဆာ သို့မဟုတ် အောင်သူ

  • Writer: FFM Sports
    FFM Sports
  • Oct 3, 2021
  • 0 min read

<Unicode

ဖြေရှင်းရခက်တဲ့ ပုစ္ဆာ သို့မဟုတ် အောင်သူ


မြန်မာ့လက်ရွေးစင် အောင်သူကစားနေသည့် ဘူရီယမ်အသင်းသည် ၅ပွဲကစားပြီးချိန်တွင် ထိုင်းလိဂ်ဝမ်းအမှတ်ပေးဇယားမှာ ထိပ်ဆုံးကရပ်တည်နေသည်။ ရမှတ် ဆယ်မှတ်ဖြင့် ဒုတိယနေရာက ချင်းမိုင်အသင်းကို ၂ မှတ်ဖြတ်ထားနိုင်သည်။ ထိုင်းလိဂ်ပွဲစဥ် ၅ပွဲအထိ အောင်သူအနေဖြင့် လူစားဝင်ကစားသမားအဖြစ်သာ ကစားထားရပြီး ပွဲထွက်ခွင့် မရသေးပေ။ ဒါကလည်း နည်းစနစ်ပိုင်းအရ ဖြစ်နိုင်ပြီး ရာသီဝက်မှာ အောင်သူအနေဖြင့် ပါဝင်ကစားနိုင်မယ်လို့ ယူဆရပါတယ်။

မလေးရှားလိဂ်မှာ မြန်မာကစားသမားတွေ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ထိုင်းလိဂ်ထက် မလေးလိဂ်ကို မြန်မာတွေပိုပြီး ရွေးချယ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာကြောင့် မလေးလိဂ်နဲ့ ထိုင်းလိဂ်တို့ရဲ့ ခြားနားမှု အချို့ကိုလည်း ကိုရဲနိုင်ဝင်းက "နည်းစနစ်ပိုင်းအရဆိုရင်တော့ ထိုင်းလိဂ်-၁က မလေးရှားစူပါလိဂ်ထက် အဆင့်မြင့်တယ်။ မလေးလိဂ် နည်းစနစ်ပိုင်းအရ ကစားပုံက ဘာနဲ့သွားတူလဲဆိုတော့ အကိုတို့ MNLက အသင်းတွေနဲ့ သွားဆင်တယ်။သူတို့က space အကျယ်ကြီးတွေနဲ့ ကစားတယ်။ နေရာလွတ်တွေ များတယ်။

"ထိုင်းလိဂ်-၁မှာ ပြီးခဲ့တဲ့ ပထမရာသီဝက် အောင်ကောင်းမာန်တို့ ဆောင်လမန်တို့ ကစားတုန်းကဆိုရင် နေရာလွတ်တွေ အများကြီး မရဘူးလေ။ အဲ့လိုဆိုတော့ ထိုင်းလိဂ်-၁မှာဆိုရင် နည်းစနစ်ပိုင်း တော်တော်လေး ကြွယ်ဝမှ အဆင်ပြေနိုင်တယ်။ မြန်မာပြည်က အကောင်းဆုံးဆိုတဲ့ အောင်သူတို့တောင် ထိုင်းလိဂ်-၁မှာ ရုန်းကန်နေရတာပဲ။ အောင်သူဆို အခုထိ ပွဲထွက်ခွင့်မရသေးဘူး။

"အဲ့တော့ မြန်မာကစားသမားတွေအတွက် ထိုင်းလိဂ်မှာ ခက်နေသေးတာပေါ့။ အောင်သူလို စကေးပိုင်း ပြည့်ဝတဲ့သူတောင် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာဆိုတော့လေ။ ဒါပေမယ့် ဘူရီရမ်တို့ မြောင်တောင်တို့လို ဘီဂျီပသန်တို့လို တကယ့်အသင်းကြီးမျိုးတွေရွေးရင်တော့ အဲ့လိုတွေ ဖြစ်မှာပေါ့နော်။ ဒါပေမယ့် မြန်မာကစားသမားတွေ ပွဲထွက်ခွင့်လိုချင်ရင်တော့ ထိုင်းလိဂ်ရဲ့ အလယ်အလတ်အသင်းတွေ၊ အသင်းငယ်တွေ ရွေးရင် အဆင်ပြေပါတယ်။

"ဒါကြောင့် မြန်မာတွေအတွက် မလေးစူပါလိဂ်က ပိုပြီး လွယ်ကူတယ်။ နေရာလွတ်တွေ အများကြီးရှိတော့ ကစားရတာပိုလွယ်တာပေါ့"လို့ ဆိိုပါတယ်။

အောင်သူ အနေဖြင့် ပွဲထွက်ခွင့် ရရန် မျှော်လင့်မိရင်း....


<Zawgyi>

ေျဖရွင္းရခက္တဲ့ေျဖရွင္းရခက္တဲ့ ပုစၧာ သို႔မဟုတ္ ေအာင္သူ


ျမန္မာ့လက္ေရြးစင္ ေအာင္သူကစားေနသည့္ ဘူရီယမ္အသင္းသည္ ၅ပြဲကစားၿပီးခ်ိန္တြင္ ထိုင္းလိဂ္ဝမ္းအမွတ္ေပးဇယားမွာ ထိပ္ဆုံးကရပ္တည္ေနသည္။ ရမွတ္ ဆယ္မွတ္ျဖင့္ ဒုတိယေနရာက ခ်င္းမိုင္အသင္းကို ၂ မွတ္ျဖတ္ထားႏိုင္သည္။ ထိုင္းလိဂ္ပြဲစဥ္ ၅ပြဲအထိ ေအာင္သူအေနျဖင့္ လူစားဝင္ကစားသမားအျဖစ္သာ ကစားထားရၿပီး ပြဲထြက္ခြင့္ မရေသးေပ။ ဒါကလည္း နည္းစနစ္ပိုင္းအရ ျဖစ္ႏိုင္ၿပီး ရာသီဝက္မွာ ေအာင္သူအေနျဖင့္ ပါဝင္ကစားႏိုင္မယ္လို႔ ယူဆရပါတယ္။

မေလးရွားလိဂ္မွာ ျမန္မာကစားသမားေတြ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ထိုင္းလိဂ္ထက္ မေလးလိဂ္ကို ျမန္မာေတြပိုၿပီး ေရြးခ်ယ္ဖို႔ တိုက္တြန္းမႈေတြလည္း ရွိေနတာေၾကာင့္ မေလးလိဂ္နဲ႔ ထိုင္းလိဂ္တို႔ရဲ႕ ျခားနားမႈ အခ်ိဳ႕ကိုလည္း ကိုရဲႏိုင္ဝင္းက "နည္းစနစ္ပိုင္းအရဆိုရင္ေတာ့ ထိုင္းလိဂ္-၁က မေလးရွားစူပါလိဂ္ထက္ အဆင့္ျမင့္တယ္။ မေလးလိဂ္ နည္းစနစ္ပိုင္းအရ ကစားပုံက ဘာနဲ႔သြားတူလဲဆိုေတာ့ အကိုတို႔ MNLက အသင္းေတြနဲ႔ သြားဆင္တယ္။သူတို႔က space အက်ယ္ႀကီးေတြနဲ႔ ကစားတယ္။ ေနရာလြတ္ေတြ မ်ားတယ္။

"ထိုင္းလိဂ္-၁မွာ ၿပီးခဲ့တဲ့ ပထမရာသီဝက္ ေအာင္ေကာင္းမာန္တို႔ ေဆာင္လမန္တို႔ ကစားတုန္းကဆိုရင္ ေနရာလြတ္ေတြ အမ်ားႀကီး မရဘူးေလ။ အဲ့လိုဆိုေတာ့ ထိုင္းလိဂ္-၁မွာဆိုရင္ နည္းစနစ္ပိုင္း ေတာ္ေတာ္ေလး ႂကြယ္ဝမွ အဆင္ေျပႏိုင္တယ္။ ျမန္မာျပည္က အေကာင္းဆုံးဆိုတဲ့ ေအာင္သူတို႔ေတာင္ ထိုင္းလိဂ္-၁မွာ ႐ုန္းကန္ေနရတာပဲ။ ေအာင္သူဆို အခုထိ ပြဲထြက္ခြင့္မရေသးဘူး။

"အဲ့ေတာ့ ျမန္မာကစားသမားေတြအတြက္ ထိုင္းလိဂ္မွာ ခက္ေနေသးတာေပါ႔။ ေအာင္သူလို စေကးပိုင္း ျပည့္ဝတဲ့သူေတာင္ ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ေနရတာဆိုေတာ့ေလ။ ဒါေပမယ့္ ဘူရီရမ္တို႔ ေျမာင္ေတာင္တို႔လို ဘီဂ်ီပသန္တို႔လို တကယ့္အသင္းႀကီးမ်ိဳးေတြေရြးရင္ေတာ့ အဲ့လိုေတြ ျဖစ္မွာေပါ႔ေနာ္။ ဒါေပမယ့္ ျမန္မာကစားသမားေတြ ပြဲထြက္ခြင့္လိုခ်င္ရင္ေတာ့ ထိုင္းလိဂ္ရဲ႕ အလယ္အလတ္အသင္းေတြ၊ အသင္းငယ္ေတြ ေရြးရင္ အဆင္ေျပပါတယ္။

"ဒါေၾကာင့္ ျမန္မာေတြအတြက္ မေလးစူပါလိဂ္က ပိုၿပီး လြယ္ကူတယ္။ ေနရာလြတ္ေတြ အမ်ားႀကီးရွိေတာ့ ကစားရတာပိုလြယ္တာေပါ႔"လို႔ ဆိိုပါတယ္။

ေအာင္သူ အေနျဖင့္ ပြဲထြက္ခြင့္ ရရန္ ေမွ်ာ္လင့္မိရင္း....

1 則留言


Robin
Robin
2021年10月03日

အောင်သူတို့ buriram မှာက Rosa တို့ Maiconတို့လို Brazilကစားသမားက Fluminese F.C ကနေ လာကြတာလေ နည်းပြဂါမာကလည်း အဲ့အသင်းမှာ နည်းပြခဲ့တာဆိုတော့ ပိုသုံးမှာပေါ့ အရိုးသားဆုံး ဝေဖန်ရမယ်ဆိုရင် အောင်သူအနေနဲ့က suzukiမှာ လာမကန်ရင် သူ့အတွက် အခွင့်အရေးပိုနည်းသွားနိုင်တယ်လို့ ယူဆချင်တယ်။ တချက်ရှိတာကလည်း အောင်သူ tero မှာတုန်းကလည်း နည်းပြဂါမာ ဆိုတော့ အခွင့်အလမ်းလေး နည်း”တော့ ရှိနေသေးလောက်တယ်။ But Buriram ဘက်က လည်း အောင်သူရဲ့ နိုင်ငံ‌ရေးခံယူချက်ကို နားလည်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အောင်သူအနေနဲ့ ဒီထက်မက ပိုပြီး အောင်မြင်နိုင်ပါစေ။

按讚
Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page