top of page

ဒဏ်ရာတွေအထပ်ထပ်နဲ့ အာရှကျားကြီး ကျားနာခဲ ခဲမှာလား....

  • Writer: FFM Sports
    FFM Sports
  • Nov 13, 2021
  • 1 min read

<Unicode>

ဒဏ်ရာတွေအထပ်ထပ်နဲ့ အာရှကျားကြီး ကျားနာခဲ ခဲမှာလား....

ရေးသားသူ - ဝဇီရာ သား


ဆူဇူကီးဖလား ပြိုင်ပွဲကြီးစတင်ဖို့က ရက်အားဖြင့် သိပ်မလိုတော့။ မြန်မာဘောလုံးအားပေးသူပရိသတ်တစ်ယောက်အနေဖြင့်တော့ အားပေးချငသေးသည်။ အမှန်တော့ မြန်မာ့လက်ရွေးစင် အသင်းအနေအထားက အခြေအနေအကောင်းကြီးတော့မဟုတ်လှ။ ပြည်တွင်းကစားသမားတွေက ပြိုင်ပွဲမကစားရသည်မှာကြာပြီဖြစ်သည်။ ပြည်တွင်းရေးအခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် လက်ရွေးစင် ကစားသမားတစ်ချို့ပင် ကျောက်ဆည်ပရီမီးယားလိဂ်မှာ ကစားကြသည်ဟုသိရသည်။ စိတ်မကောင်းလှပေ။တကယ်တော့မြန်မာ့လက်ရွေးစင်အသင်းသည် ယခုတစ်ချိန်တွင်လပြန်လည်အားကောင်းလာမည့်အနေအထား ရှိနေသည်။ ဆီးဂိမ်းတွင် ကြေးတံဆိပ်ရပြီးသည့်နောက် ပေါ်ထွက်လာသည့် လူငယ်ကစားသမား များနှင့် ပြည်ပထွက်ဝါရင့် ကစားသမားများ၊ ပြည်တွင်းလိဂ်တွင်း ကစားနေသော လူငယ်အစုအဖွဲ့ကိုသာ အားကိုးရလျှင် ဒီပြိုင်ပွဲမှာ အတော်အခြေအနေကောင်းနိုင်သည်။ သို့သော် ရပ်နားထားရသည့် ပြည်တွင်းလိဂ်ကြောင့် ကစားသမားများ ခြေစွမ်းပြသခွင့်မရကြ။

သို့သော် မြန်မာပရိသတ်အနေဖြင့် ကိုယ့်အသင်းကို အထင်မသေးချင်။ အနဲဆုံးတော့ တက်မကထောင်ချင်သေးသည်။ မြန်မာဆိုသည့်အတိုင်း ကြွေးကြော်ချင်သေးသည်။ မနိုင်စေဦးတော့ ဂိုးသွင်းရင်ကို အားပေးချင်သေးသည်။

မြန်မာ့လက်ရွေးစင် အသင်းထံတွင် ပြည်ပရောက် မြန်မာသမားသုံးဦးမပါဝင်ခြင်းကို စာရေးသူအပြစ်မမြင်ပါ။ သူတို့၏ လွတ်လပ်ခွင့်သာဖြစ်သည်။ ပါဝင်ပူးပေါင်းသည့်ကစားသမားတွေကိုလည်း နားလည်ပေးပါသည်။ ထိုအထဲတွင် မလေးရှားလိဂ်ရောက် အောင်ကောင်းမာန် နှင့် ဟိန်းထက်အောင် တို့ပါဝင်နေသည်ကိုတော့ ပျော်မိသည်။ သူတို့ရဲ့ တိုးအားနှင့် ပါဝါက ပြိုင်ဘက်အသင်းများကို ခြိမ်းခြောက်စေနိုင်သည်။

မြန်မာအမျိုးသမီးအသင်း အောင်ပွဲတွေရတော့ မြန်မာပရိသတ်တွေက ခက်ရာခဲဆစ် ပျော်ရွှင်ကြ ရသည်။ မြန်မာ့လက်ရွေးစင် အသင်းကြီးသာ ဆူဇူကီးဖလား မှာ နိုင်ပွဲအပြင် အောင်ပွဲတွေပါရခဲ့ပါက မြန်မာပရိသတ်များ ဘယ်လောက်တောင်ပျော်ကြလိမ့်မည်ဆိုတာ စိတ်ကူးနှင့်ပင် ပီတိဖြစ်မိနေတော့သည်။


ဝဇီရာသား



<Zawgyi>

ဒဏ္ရာေတြအထပ္ထပ္နဲ႔ အာရွက်ားႀကီး က်ားနာခဲ ခဲမွာလား....

ေရးသားသူ - ဝဇီရာ သား


ဆူဇူကီးဖလား ၿပိဳင္ပြဲႀကီးစတင္ဖို႔က ရက္အားျဖင့္ သိပ္မလိုေတာ့။ ျမန္မာေဘာလုံးအားေပးသူပရိသတ္တစ္ေယာက္အေနျဖင့္ေတာ့ အားေပးခ်ငေသးသည္။ အမွန္ေတာ့ ျမန္မာ့လက္ေရြးစင္ အသင္းအေနအထားက အေျခအေနအေကာင္းႀကီးေတာ့မဟုတ္လွ။ ျပည္တြင္းကစားသမားေတြက ၿပိဳင္ပြဲမကစားရသည္မွာၾကာၿပီျဖစ္သည္။ ျပည္တြင္းေရးအေျခအေန၊ အေၾကာင္းေၾကာင္းေတြေၾကာင့္ လက္ေရြးစင္ ကစားသမားတစ္ခ်ိဳ႕ပင္ ေက်ာက္ဆည္ပရီမီးယားလိဂ္မွာ ကစားၾကသည္ဟုသိရသည္။ စိတ္မေကာင္းလွေပ။တကယ္ေတာ့ျမန္မာ့လက္ေရြးစင္အသင္းသည္ ယခုတစ္ခ်ိန္တြင္လျပန္လည္အားေကာင္းလာမည့္အေနအထား ရွိေနသည္။ ဆီးဂိမ္းတြင္ ေၾကးတံဆိပ္ရၿပီးသည့္ေနာက္ ေပၚထြက္လာသည့္ လူငယ္ကစားသမား မ်ားႏွင့္ ျပည္ပထြက္ဝါရင့္ ကစားသမားမ်ား၊ ျပည္တြင္းလိဂ္တြင္း ကစားေနေသာ လူငယ္အစုအဖြဲ႕ကိုသာ အားကိုးရလွ်င္ ဒီၿပိဳင္ပြဲမွာ အေတာ္အေျခအေနေကာင္းႏိုင္သည္။ သို႔ေသာ္ ရပ္နားထားရသည့္ ျပည္တြင္းလိဂ္ေၾကာင့္ ကစားသမားမ်ား ေျခစြမ္းျပသခြင့္မရၾက။

သို႔ေသာ္ ျမန္မာပရိသတ္အေနျဖင့္ ကိုယ့္အသင္းကို အထင္မေသးခ်င္။ အနဲဆုံးေတာ့ တက္မကေထာင္ခ်င္ေသးသည္။ ျမန္မာဆိုသည့္အတိုင္း ေႂကြးေၾကာ္ခ်င္ေသးသည္။ မႏိုင္ေစဦးေတာ့ ဂိုးသြင္းရင္ကို အားေပးခ်င္ေသးသည္။

ျမန္မာ့လက္ေရြးစင္ အသင္းထံတြင္ ျပည္ပေရာက္ ျမန္မာသမားသုံးဦးမပါဝင္ျခင္းကို စာေရးသူအျပစ္မျမင္ပါ။ သူတို႔၏ လြတ္လပ္ခြင့္သာျဖစ္သည္။ ပါဝင္ပူးေပါင္းသည့္ကစားသမားေတြကိုလည္း နားလည္ေပးပါသည္။ ထိုအထဲတြင္ မေလးရွားလိဂ္ေရာက္ ေအာင္ေကာင္းမာန္ ႏွင့္ ဟိန္းထက္ေအာင္ တို႔ပါဝင္ေနသည္ကိုေတာ့ ေပ်ာ္မိသည္။ သူတို႔ရဲ႕ တိုးအားႏွင့္ ပါဝါက ၿပိဳင္ဘက္အသင္းမ်ားကို ၿခိမ္းေျခာက္ေစႏိုင္သည္။

ျမန္မာအမ်ိဳးသမီးအသင္း ေအာင္ပြဲေတြရေတာ့ ျမန္မာပရိသတ္ေတြက ခက္ရာခဲဆစ္ ေပ်ာ္ရႊင္ၾက ရသည္။ ျမန္မာ့လက္ေရြးစင္ အသင္းႀကီးသာ ဆူဇူကီးဖလား မွာ ႏိုင္ပြဲအျပင္ ေအာင္ပြဲေတြပါရခဲ့ပါက ျမန္မာပရိသတ္မ်ား ဘယ္ေလာက္ေတာင္ေပ်ာ္ၾကလိမ့္မည္ဆိုတာ စိတ္ကူးႏွင့္ပင္ ပီတိျဖစ္မိေနေတာ့သည္။


ဝဇီရာသား


Comentarios


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page