top of page

ဆူဇူကီးဖလား ပြိုင်ပွဲ မှာ အင်ဒိုနီးရှား အသင်း ဗိုလ်စွဲနိုင်လား။

  • Writer: FFM Sports
    FFM Sports
  • Dec 21, 2021
  • 1 min read

အမှန်အတိုင်းဝန်ခံရရင် ဒီစိတ်ကူးက မြန်မာ့လက်​ရွေးစင်အသင်းကို သုံးဂိုးပြတ်နဲ့ ခြေစမ်းပွဲ မှာ နိုင်တုန်းက ဒါမျိုးမမျှော်လင့်။ လေ့ကျင့်မှုမရှိသည့်အသင်းကို အနိုင်ရခဲ့သဖြင့် အင်ဒိုကို အထင်သိပ်မကြီး၊ တကယ်တမ်း ပြိုင်ပွဲ ပြိုင်တော့မှ အင်ဒိုနီးရှား အသင်းက ဗီယက်နမ် ကို ဂိုးမရှိသရေကစားထားတာကလွဲရင် ကျန်အသင်းတွေအားလုံးကို လေးဂိုးနှင့် အထက်သွင်းယူထားနိုင်သည်။ ကမ္ဘောဒီးယား ကို လေးဂိုးနှစ်ဂိုး၊ လာအိုကို ၅ဂိုးတစ်ဂိုး၊ မလေးရှားကို လေးဂိုးတစ်ဂိုး ဖြင့် နိုင်ထားသည်။ အင်ဒိုနီးရှား အသင်းက ပြိုင်ပွဲ တစ်ပွဲကိုဝင်ပြိုင်လျှင် အာဆီယံ အသင်းတွေထဲမှာ သူက ပိုမာသည်။ ခွန်အားသုံးကစားကြသည်။ သက်လုံအားကိုးကြသည်။ သူလိုအသင်းကို ကစားကွက်အားကိုးသည့်အသင်းများက သိပ်မယှဥ်နိုင်ကြ။ ဗီယက်နမ် လိုအသင်းပင် ဂိုးမသွင်းနိုင်တာကိုကြည့်ရင် အင်ဒိုတို့ ခံစစ်မာကျောလွန်းနေသည်။ တကယ်တမ်းတော့ ဆူဇူကီးဖလား ဟုခေါ်သည့် အာဆီယံ ချန်ပီယံရှစ်မှာ အင်ဒိုနီးရှား တို့ ဗိုလ်မစွဲခဲ့ဖူးကြ။ ဖိုင်နယ်ကိုတက်နိုင်ခဲ့​မယ့် ဒုတိယ ဆုကိုသာ ၅ ကြိမ်ရရှိခဲ့ဖူးသည်။ ၂၀၀၀၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၁၀၊ ၂၀၁၆ တွင် ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။ ဒီနှစ်မှာကော အင်ဒိုတို့ ဗိုလ်လုပွဲတက်နိုင်မှာလားဆိုရင် တက်နိုင်ပါတယ်။ အိမ်ရှင်စင်ကာပူအသင်းက အင်ဒိုလိုမာကျောတဲ့အသင်းကို ပထမပိုင်းလောက်ပဲ တန်းတူကစားနိုင်ချေရှိမှာပါ။ ကံကောင်းတာက အင်ဒိုတို့က ထိုင်းအသင်းနဲ့မတွေ့ခဲ့တာပါ။ ချန်ပီယံဆုအတွက် ကံကောင်းဖို့က အရေးကြီးနေပြီး ဖိုင်နယ်မှာ ထိုင်းသို့မဟုတ် ဗီယက်နမ်နဲ့ မကစားခင်က စင်ကာပူနှင့်တွေ့ရသဖြင့် ပြိုင်ဘက် အသင်းတွေထက် နားချိန်ရရှိနိုင်သေးသည်။ ကံမျက်နှာသာပေးပြီး အသင်းလိုက်အားကောင်းရင်ဖြင့် အင်ဒိုတို့ ချန်ပီယံအဖြစ်မျက်နှာပန်းလှနိုင်ပေမည်။

Commentaires


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page