top of page
ကျဥ်းထဲကျပ်ထဲရောက်ရင် ရုန်းထွက်တတ်တဲ့ မြန်မာအသင်းဆီက ဘာတွေမျှော်လင့်နိုင်မလဲ...
  • Writer: FFM Sports
    FFM Sports
  • Oct 24, 2021
  • 1 min read
<Unicode>
ကျဥ်းထဲကျပ်ထဲရောက်ရင်ကျဥ်းထဲကျပ်ထဲရောက်ရင် ရုန်းထွက်တတ်တဲ့ မြန်မာအသင်းဆီက ဘာတွေမျှော်လင့်နိုင်မလဲ...
လာမည့်အောက်တိုဘာလ ၂၈ ရက်နေ့မှာဆိုရင် မြန်မာ ယူ၂၃ အသင်းဟာ တရုတ်တိုင်ပေအသင်းနဲ့ အာရှဖလား ယူ၂၃ ခြေစစ်ပွဲ ကို စတင်ယှဥ်ပြိုင်ကစားရတော့မှာပါ။ ၃၁ ရက်နေ့မှာတော့ ဗီယက်နမ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ပွဲစဥ်ရေးဆွဲထားမှုအရ မြန်မာအသင်းက ပြိုင်ဘက်တွေရဲ့ အခြေအနေကို ေစာင့်ကြည့်ကစားနိုင်ပြီး ဗီယက်နမ် အသင်းနဲ့ တရုတ်တိုင်ပေအသင်းတို့က အောက်တိုဘာ ၂၅ ရက်နေ့မှာ အရင်ဆုံးကစားရမှာဖြစ်ပါတယ်။ မြန်မာ ယူ၂၃ အသင်းအနေနဲ့ ဖြစ်နိုင်ဖွယ် နည်းလမ်း ၂မျိုးရှိပြီး ပထမတစ်မျိုးက တရုတ်တိုင်ပေအသင်းကို ရသလောက်ဂိုးသွင်း ဗီယက်နမ် ကို သရေ ကစားဖို့ပါ။ ဒုတိယနည်းလမ်းက နှစ်ပွဲစလုံးကို အနိုင်ကစားဖို့ပါ။ လက်ရှိအနေအထားကတော့ ဖြစ်ချင်ပေမယ့် ဖြစ်ခွင့်သာပါ့မလားဆိုတာကတော့ ထည့်တွက်ရမှာပါ။ ပြည်တွင်းအခြေအနေတွေကြောင့် ပွဲကစားခွင့်မရသေးတဲ့ မြန်မာကစားသမား တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းနေတဲ့ ကစားသမား တွေရဒ့အနေအထားက ပြိုင်ပွဲ ကို ရလဒ်ကောင်းဖန်တီးနိုင်ပါ့မလားဆိုတာပါ။ မြန်မာအသင်း ရဲ့အခြေအနေက ကျားတော့ကျားဆိုပေမယ့် ဒဏ်ရာအထပ်ထပ်ရထားတဲ့ ကျားနာကြီးလိုဖြစ်နေတာပါ။ ပုံမှန်အခြေအနေဆိုရင် မျှော်လင့်နိုင်ပေမယ့် ဗီယက်နမ်ယူ ၂၃ အသင်းကိုတော့ အတော်ကစားရမှာပါ။ ဗီယက်နမ် ယူ ၂၃ အသင်းဟာ ယူအေအီး၊ ဂျော်ဒန် စတဲ့ အသင်းကြီးတွေကို နှစ်ပွဲ သရေ ကစားထားနိုင်ပြီး မြောက်ကိုရီးယား အသင်း ကိုသာ နှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနိမ့်ထားတဲ့အသင်းပါ။ဒါ့အပြင် ဗီယက်နမ် ပြည်တွင်းလိဂ်ပွဲစဥ်တွေက ကိုဗစ်ကာလအတွင်းမှာ ရပ်လိုက် နားလိုက်နဲ့ ကစားနေပြီး ဒီအချိန်မှာတော့ မြန်မာပြည်တွင်းလိဂ်က ရပ်နားထားရတာပါ။ ဒါပေမယ့် ၂၀၁၅ ဆီးဂိမ်းအခြေအနေမှာ ဆိုရင် မြန်မာအသင်းဟာ လူရွေးချယ်မှု ခက်ခဲ ခဲ့ပြီး ရှိတဲ့လူစာရင်းနဲ့ ယှဥ်ပြိုင်ခဲ့ကာ ဆီမီးမှာ ဗီယက်နမ် ကို အနိုင်ရပြီး ဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေသမိုင်းတွေကြောင့် မြန်မာယူ ၂၃ အသင်းဟာ ဖိအားဒဏ်တွေကို တွန်းအားအဖြစ်ပြောင်းပြီး ကစားပြနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ နည်းပြ ပိုဗော့ ရဲ့ ဥိးဆောင်မှုနဲ့ မြန်မာ လူငယ်အသင်းဟာ ထပ်မံအောင်မြင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
<Zawgyi>
Comments
Post: Blog2_Post
+66929189904
Subscribe Form
Thanks for submitting!
©2021 by Football Forward Myanmar. Proudly created with Wix.com
  • Facebook
  • Twitter
  • LinkedIn
bottom of page