top of page
Writer's pictureFFM Sports

အဆင့်မြင့်ဂိုးသွင်းစက်တလုံးရဲ့ အိန္ဒိယမြေကစိန်ခေါ်မှုခရီးစဉ်အသစ်

<Unicode>

အဆင့်မြင့်ဂိုးသွင်းစက်တလုံးရဲ့ အိန္ဒိယမြေကစိန်ခေါ်မှုခရီးစဉ်အသစ်



မြန်မာအမျိုးသမီးဘောလုံးလောကရဲ့ ပထမဆုံးပြည်ပ အပြောင်းအရွေ့တခု ဖြစ်ပေါ်လာပါပြီ။



မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဝင်းသင်္ဂီထွန်းဟာ အိန္ဒိယအမျိုးသမီးလိဂ်ကလပ် ဂိုကူလမ်ကီရာလာအက်ဖ်စီက ခေါ်ယူခဲ့တယ်လို့ MFFက သတင်းထုတ်ပြန်ပါတယ်။ ဒီလို မြန်မာအမျိုးသမီးကစားသမား ပြည်ပကလပ်ကို ပြောင်းရွေ့တာဟာ ပထမဆုံးဖြစ်ပြီး ဝင်းသိင်္ဂီထွန်းဟာလည်း မြန်မာအမျိုးသမီးဘောလုံးလောကရဲ့ ပထမဆုံးပြည်ပထွက်ကစားမယ့် သူလည်း ဖြစ်လာမှာပါ။



MFFရဲ့ သတင်းထုတ်ပြန်မှုမှာ အိန္ဒိယကလပ် ဂိုကူလမ်ကီရာလာအသင်းက လာမယ့် နိုဝင်ဘာမှာ AFCက ကျင်းပမယ့် အာရှအမျိုးသမီးကလပ်အသင်းပြိုင်ပွဲအတွက် ရည်ရွယ်ပြီး မြန်မာတိုက်စစ်မှူးကို ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



မြန်မာအမျိုးသမီးအသင်းရဲ့ အဓိကတိုက်စစ်မှူးကတော့ ပြည်ပကလပ်မှာ အောင်မြင်မှုရအောင် အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ အကြောင်း MFFရဲ့ သတင်းထုတ်ပြန်မှုမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။



​ဝင်းသိင်္ဂီထွန်းသွားရောက်ကစားမယ့် ဂိုကူရာလမ်ကီရာလာအသင်းဟာ အိန္ဒိယအမျိုးသမီးလိဂ်ရဲ့ ထိပ်တန်းအသင်းဖြစ်ပြီး လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်။ အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တာကြောင့်လည်း AFCက ကျင်းပမယ့် အဆင့်မြင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။



​အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ ဂိုးသွင်းကောင်းသူတဦးပီပီ ဂိုကူရာလမ်ကီရာလာအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သွားဖို့လည်း ရှိနေမှာဖြစ်ပြီး အိန္ဒိယကလပ်အတွက် သူ့ရဲ့ သွင်းဂိုးများစွာက အထောက်အကူဖြစ်လာဦးမှာပါ။ မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ အိန္ဒိယမြေမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားခဲ့ဖူးပြီး ၂၀၁၉တုန်းက အိန္ဒိယမှာ ကျင်းပ Hero Goal Cupပြိုင်ပွဲမှာ မြန်မာအသင်းနဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရထားပါတယ်။



အဆိုပါပြိုင်ပွဲမှာ ဝင်းသိင်္ဂီထွန်းဟာ မြန်မာအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ၃ဂိုးသွင်းယူနိုင်ခဲ့ကာ အိမ်ရှင်အိန္ဒိယအမျိုးသမီးအသင်းကိုလည်း ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရဖူးတဲ့ အိန္ဒိယအမျိုးသမီး လက်ရွေးစင်အချို့နဲ့ မြန်မာတိုက်စစ်မှူးဟာ အသင်းဖော်အဖြစ် ဂိုကူရာလမ်ကီလာရာမှာ ကစားရတော့မှာဖြစ်ပြီး ဂိုကူရာလမ်ကီလာရာမှာ အိန္ဒိယအမျိုးသမီးလက်ရွေးစင် ၉ဦးကစားနေတယ်လို့ သိရပါတယ်။



​ဝင်းသိင်္ဂီထွန်းဟာ အသင်းပေါင်း ၁၂သင်း ယှဉ်ပြိုင်နေတဲ့ အိန္ဒိယဘောလုံးလောကကို ခြေချခွင့်ရခဲ့တာအပြင် ပြည်ပအတွေ့အကြုံကောင်းများစွာကိုလည်း ထိတွေ့ခွင့်ရမှာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို မြန်မာရဲ့ဂိုးသွင်းစက်တလုံး ဘယ်လိုကျော်ဖြတ်ပြမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။



တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ မြန်မာအမျိုးသမီးအသင်းအတွက် သွင်းဂိုး ၅၃ဂိုးသွင်းယူပေးထားသလို မြန်မာအမျိုးသမီးအသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။ မြဝတီအမျိုးသမီးအသင်းနဲ့အတူ မြန်မာအမျိုးသမီးလိဂ် ချန်ပီယံအဖြစ် ၂ကြိမ်ဖြစ်ခဲ့ဖူးပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကိုလည်း ၂ကြိမ်ဆက် ရရှိထားသူ ဖြစ်ပါတယ်။



မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဟာ နိုင်ငံတကာပြိုင်ပွဲတွေဖြစ်တဲ့ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်၊ ၂၀၁၆ အာဆီယံချန်ပီယံရှစ်တို့မှာ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်ဖူးသလို ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကြေးတံဆိပ် ၃ကြိမ်(၂၀၁၃၊ ၂၀၁၇၊ ၂၀၁၉)၊ ၂၀၁၉ Gold Cup(အိန္ဒိယ) ချန်ပီယံတကြိမ်၊ အာဆီယံချန်ပီယံရှစ် ဒုတိယတကြိမ်(၂၀၁၅) မြန်မာအသင်းနဲ့အတူ ရရှိထားပါတယ်။




<Zawgyi>

အဆင့္ျမင့္ဂိုးသြင္းစက္တလုံးရဲ႕ အိႏၵိယေျမကစိန္ေခၚမႈခရီးစဉ္အသစ္



ျမန္မာအမ်ိဳးသမီးေဘာလုံးေလာကရဲ႕ ပထမဆုံးျပည္ပ အေျပာင္းအေရြ႕တခု ျဖစ္ေပၚလာပါၿပီ။



ျမန္မာလက္ေရြးစင္အမ်ိဳးသမီးအသင္းရဲ႕ တိုက္စစ္မွဴး ဝင္းသဂႌထြန္းဟာ အိႏၵိယအမ်ိဳးသမီးလိဂ္ကလပ္ ဂိုကူလမ္ကီရာလာအက္ဖ္စီက ေခၚယူခဲ့တယ္လို႔ MFFက သတင္းထုတ္ျပန္ပါတယ္။ ဒီလို ျမန္မာအမ်ိဳးသမီးကစားသမား ျပည္ပကလပ္ကို ေျပာင္းေရြ႕တာဟာ ပထမဆုံးျဖစ္ၿပီး ဝင္းသိဂႌထြန္းဟာလည္း ျမန္မာအမ်ိဳးသမီးေဘာလုံးေလာကရဲ႕ ပထမဆုံးျပည္ပထြက္ကစားမယ့္ သူလည္း ျဖစ္လာမွာပါ။



MFFရဲ႕ သတင္းထုတ္ျပန္မႈမွာ အိႏၵိယကလပ္ ဂိုကူလမ္ကီရာလာအသင္းက လာမယ့္ ႏိုဝင္ဘာမွာ AFCက က်င္းပမယ့္ အာရွအမ်ိဳးသမီးကလပ္အသင္းၿပိဳင္ပြဲအတြက္ ရည္ရြယ္ၿပီး ျမန္မာတိုက္စစ္မွဴးကို ေခၚယူခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။



ျမန္မာအမ်ိဳးသမီးအသင္းရဲ႕ အဓိကတိုက္စစ္မွဴးကေတာ့ ျပည္ပကလပ္မွာ ေအာင္ျမင္မႈရေအာင္ အေကာင္းဆုံးႀကိဳးစားသြားမယ္ဆိုတဲ့ အေၾကာင္း MFFရဲ႕ သတင္းထုတ္ျပန္မႈမွာ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။



​ဝင္းသိဂႌထြန္းသြားေရာက္ကစားမယ့္ ဂိုကူရာလမ္ကီရာလာအသင္းဟာ အိႏၵိယအမ်ိဳးသမီးလိဂ္ရဲ႕ ထိပ္တန္းအသင္းျဖစ္ၿပီး လက္ရွိခ်န္ပီယံလည္းျဖစ္ပါတယ္။ အိႏၵိယလိဂ္ရဲ႕ လက္ရွိခ်န္ပီယံျဖစ္တာေၾကာင့္လည္း AFCက က်င္းပမယ့္ အဆင့္ျမင့္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဉ္ၿပိဳင္ခြင့္ရထားတာ ျဖစ္ပါတယ္။



​အသက္ ၂၆ႏွစ္ရွိၿပီျဖစ္တဲ့ တိုက္စစ္မွဴး ဝင္းသိဂႌထြန္းဟာ ဂိုးသြင္းေကာင္းသူတဦးပီပီ ဂိုကူရာလမ္ကီရာလာအသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္သြားဖို႔လည္း ရွိေနမွာျဖစ္ၿပီး အိႏၵိယကလပ္အတြက္ သူ့ရဲ႕ သြင္းဂိုးမ်ားစြာက အေထာက္အကူျဖစ္လာဦးမွာပါ။ ျမန္မာတိုက္စစ္မွဴး ဝင္းသိဂႌထြန္းဟာ အိႏၵိယေျမမွာ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားခဲ့ဖူးၿပီး ၂၀၁၉တုန္းက အိႏၵိယမွာ က်င္းပ Hero Goal Cupၿပိဳင္ပြဲမွာ ျမန္မာအသင္းနဲ႔အတူ ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ခြင့္ရထားပါတယ္။



အဆိုပါၿပိဳင္ပြဲမွာ ဝင္းသိဂႌထြန္းဟာ ျမန္မာအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့သလို ၃ဂိုးသြင္းယူႏိုင္ခဲ့ကာ အိမ္ရွင္အိႏၵိယအမ်ိဳးသမီးအသင္းကိုလည္း ၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခဲ့ရဖူးတဲ့ အိႏၵိယအမ်ိဳးသမီး လက္ေရြးစင္အခ်ိဳ႕နဲ႔ ျမန္မာတိုက္စစ္မွဴးဟာ အသင္းေဖာ္အျဖစ္ ဂိုကူရာလမ္ကီလာရာမွာ ကစားရေတာ့မွာျဖစ္ၿပီး ဂိုကူရာလမ္ကီလာရာမွာ အိႏၵိယအမ်ိဳးသမီးလက္ေရြးစင္ ၉ဦးကစားေနတယ္လို႔ သိရပါတယ္။



​ဝင္းသိဂႌထြန္းဟာ အသင္းေပါင္း ၁၂သင္း ယွဉ္ၿပိဳင္ေနတဲ့ အိႏၵိယေဘာလုံးေလာကကို ေျခခ်ခြင့္ရခဲ့တာအျပင္ ျပည္ပအေတြ႕အႀကဳံေကာင္းမ်ားစြာကိုလည္း ထိေတြ႕ခြင့္ရမွာျဖစ္ၿပီး စိန္ေခၚမႈအသစ္ေတြကို ျမန္မာရဲ႕ဂိုးသြင္းစက္တလုံး ဘယ္လိုေက်ာ္ျဖတ္ျပမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။



တိုက္စစ္မွဴး ဝင္းသိဂႌထြန္းဟာ ျမန္မာအမ်ိဳးသမီးအသင္းအတြက္ သြင္းဂိုး ၅၃ဂိုးသြင္းယူေပးထားသလို ျမန္မာအမ်ိဳးသမီးအသင္းရဲ႕ သမိုင္းတေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္လည္း ရပ္တည္ေနသူျဖစ္ပါတယ္။ ျမဝတီအမ်ိဳးသမီးအသင္းနဲ႔အတူ ျမန္မာအမ်ိဳးသမီးလိဂ္ ခ်န္ပီယံအျဖစ္ ၂ႀကိမ္ျဖစ္ခဲ့ဖူးၿပီး ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ဆုကိုလည္း ၂ႀကိမ္ဆက္ ရရွိထားသူ ျဖစ္ပါတယ္။



ျမန္မာအမ်ိဳးသမီးလက္ေရြးစင္အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ဟာ ႏိုင္ငံတကာၿပိဳင္ပြဲေတြျဖစ္တဲ့ ၂၀၁၇ မေလးရွားဆီးဂိမ္းစ္၊ ၂၀၁၆ အာဆီယံခ်န္ပီယံရွစ္တို႔မွာ ဂိုးသြင္းအမ်ားဆုံးအျဖစ္ ရပ္တည္ဖူးသလို ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ေၾကးတံဆိပ္ ၃ႀကိမ္(၂၀၁၃၊ ၂၀၁၇၊ ၂၀၁၉)၊ ၂၀၁၉ Gold Cup(အိႏၵိယ) ခ်န္ပီယံတႀကိမ္၊ အာဆီယံခ်န္ပီယံရွစ္ ဒုတိယတႀကိမ္(၂၀၁၅) ျမန္မာအသင္းနဲ႔အတူ ရရွိထားပါတယ္။



154 views0 comments

Comments


Post: Blog2_Post
bottom of page