<Unicode>
လာအိုနိုင်ငံ၌ ဂိုးနည်းပြအဖြစ်ဆောင်ရွက်နေသည့် ဦးနေလှိုင် လက်ရွေးစင်အသင်း(၃)သင်းစလုံးအား ကိုင်တွယ်နေရ
လာအိုနိုင်ငံ၌နည်းပြအဖြစ်ဆောင်ရွက်နေသည့်မြန်မာဂိုးသမားဟောင်း ဦးနေလှိုင်သည်လာအိုလက်ရွေးစင်အသင်း(၃)စလုံးအားကိုင်တွယ်နေရကြောင်းသိရသည်။ဦးနေလှိုင်သည်ပြီးခဲ့သည့်နှစ်မတ်လကတည်းက လာအိုဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆို၍ဂိုးနည်းပြအဖြစ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ဦးနေလှိုင်သည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် လာအိုယူ-၂၃ အသင်း အာရှဖလား အမျိုးသမီးခြေစစ်ပွဲယှဉ်ပြိုင်မည့်လာအိုအမျိုးသမီး
လက်ရွေးစင်အသင်းနှင့်အာဆီယံဆူဇူကီးဖလာပြိုင်ပွဲယှဉ်ပြိုင်မည့်လာအိုလက်
ရွေးစင်အမျိုးသားအသင်း(၃)သင်းစလုံး၏ ဂိုးနည်းပြအဖြစ် တာဝန်ယူလေ့ကျင့်
ပေးနေရခြင်းဖြစ်သည်။ ဦးနေလှိုင်သည် ပြည်ပနိုင်ငံတွင် ဂိုးနည်းပြအဖြစ်ဆောင်ရွက်ခွင့်ရသည့် ပထမဆုံးမြန်မာဂိုးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ထားကြောင်းသိရသည်။ဦးနေလှိုင်သည်ပြည်တွင်း၌ဟံသာဝတီစီနီယာအသင်း၊
ရှမ်းယူနိုက်တက်လူငယ်အသင်းတို့တွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။
<Zawgyi>
လာအိုႏိုင္ငံ၌ ဂိုးနည္းျပအျဖစ္ေဆာင္ရြက္ေနသည့္ ဦးေနလႈိင္ လက္ေရြးစင္အသင္း(၃)သင္းစလုံးအား ကိုင္တြယ္ေနရ
လာအိုႏိုင္ငံ၌နည္းျပအျဖစ္ေဆာင္ရြက္ေနသည့္ျမန္မာဂိုးသမားေဟာင္း ဦးေနလႈိင္သည္လာအိုလက္ေရြးစင္အသင္း(၃)စလုံးအားကိုင္တြယ္ေနရေၾကာင္းသိရသည္။ဦးေနလႈိင္သည္ၿပီးခဲ့သည့္ႏွစ္မတ္လကတည္းက လာအိုေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို၍ဂိုးနည္းျပအျဖစ္ေဆာင္ရြက္ေနျခင္းျဖစ္သည္။ ဦးေနလႈိင္သည္ အာရွဖလား ယူ-၂၃ ေျခစစ္ပြဲယွဉ္ၿပိဳင္မည့္ လာအိုယူ-၂၃ အသင္း အာရွဖလား အမ်ိဳးသမီးေျခစစ္ပြဲယွဉ္ၿပိဳင္မည့္လာအိုအမ်ိဳးသမီး
လက္ေရြးစင္အသင္းႏွင့္အာဆီယံဆူဇူကီးဖလာၿပိဳင္ပြဲယွဉ္ၿပိဳင္မည့္လာအိုလက္
ေရြးစင္အမ်ိဳးသားအသင္း(၃)သင္းစလုံး၏ ဂိုးနည္းျပအျဖစ္ တာဝန္ယူေလ့က်င့္
ေပးေနရျခင္းျဖစ္သည္။ ဦးေနလႈိင္သည္ ျပည္ပႏိုင္ငံတြင္ ဂိုးနည္းျပအျဖစ္ေဆာင္ရြက္ခြင့္ရသည့္ ပထမဆုံးျမန္မာဂိုးနည္းျပအျဖစ္လည္း မွတ္တမ္းဝင္ထားေၾကာင္းသိရသည္။ဦးေနလႈိင္သည္ျပည္တြင္း၌ဟံသာဝတီစီနီယာအသင္း၊
ရွမ္းယူႏိုက္တက္လူငယ္အသင္းတို႔တြင္ နည္းျပအျဖစ္ ေဆာင္ရြက္ခဲ့သည္။
Comments