top of page

ရ၀မ်ဒါလက်ရွေးစင်အသင်းနှင့် လမ်းခွဲခဲ့သော နည်းပြ ဗင်းဆင့်မာရှာမီ ကို အန်တိုနီဟေး အားပေးစကားပြော

  • Writer: FFM Sports
    FFM Sports
  • Mar 13, 2022
  • 1 min read

ရ၀မ်ဒါလက်ရွေးစင်အသင်းနှင့် မကြာသေးမီက လမ်းခွဲခဲ့သော နည်းပြ ဗင်းဆင့်မာရှာမီ ကို မြန်မာ့လက်ရွေးစင်နည်းပြအန်တိုနီဟေးက အားပေးစကားပြောခဲ့သည်။


"ဗင်းဆင့်က တကယ့်ကို နည်းပြကောင်းတစ်ယောက်ပါ။ လူပုဂ္ဂိုလ်အနေနဲ့ကော၊ မိတ်ဆွေအနေနဲ့ပါ တကယ်ကောင်းပါတယ်။ တစ်နေ့တော့ ပြန်တွေ့ကြမယ်" ဟု သူ၏ တွစ်တာလူမှုကွန်ယက်ကတဆင့် ရေးသား ခဲ့သည်။


နည်းပြဗင်းဆင့်သည် ရ၀မ်ဒါအသင်းနှင့် စာချုပ်သက်တမ်းကုန်သွားခဲ့ခြင်းဖြစ်ပြီး ရ၀မ်ဒါဘောလုံးအဖွဲ့ချုပ်မှ ဆက်လက် သက်တမ်းမတိုးတော့ခြင်းဖြစ်သည်။


၂၀၁၈ ခုနှစ်တွင် အန်တိုနီဟေး (ယခင် ရ၀မ်ဒါနည်းပြချုပ်ဟောင်း) ရ၀မ်ဒါအသင်းမှ ထွက်ခွာသွားပြီးချိန်တွင် ဗင်းဆင့်က တာ၀န်ယူခဲ့ခြင်းဖြစ်သည်။ အန်တိုနီဟေးသည် ၂၀၁၇ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရ၀မ်ဒါအသင်းကို ကိုင်တွယ်ခဲ့သည်။


ရ၀မ်ဒါဘောလုံးအဖွဲ့ချုပ်က နည်းပြသစ်ခန့်အပ်ရေးအတွက် မကြာမီထုတ်ပြန်ပေးမည်ဟု အသိပေးထားသည်။

Comments


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page