<Unicode>
ဝါရင့်လက်တစ်စုံပိုင်ရှင် သို့မဟုတ် လက်ရွေးစင် ဂိုးသမား ကျော်ဇင်ထက်နှင့် စကားစမြည်
FFM-မဂ်လာပါ ကိုကျော်ဇင်ထက် လက်ရှိ လက်ရွေးစင်အသင်းမှာရော ရန်ကုန်အသင်းမှာပါ ပုံမှန် လက်စွမ်းတည်ငြိမ်နေတယ်လို့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။ အကိုရဲ့ အမြင်ကိုလည်း ပြောပြပေးပါဦး။
KZH-ဟုတ်ကဲ့ လက်စွမ်းငြိမ်တယ်ရယ်လို့တော့မဟုတ်ပါဘူး အသက်အရွယ်ရလာတာနဲ့အမျှ အတွေ့ကြုံတွေများလာတာကြောင့်လဲပါပါတယ် တစ်ခါတစ်လေကိုယ့်ကိုကိုအားမရတာတွေလဲရှိခဲ့သလို ရှိနေဆဲလဲဖြစ်ပါတယ်။
FFM-ဒီနှစ် ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ရည်မှန်းချက်နဲ့ လက်ရှိ အသင်းခြေစွမ်းအပေါ်မှာကော ဘယ်လို ထင်မြင်မိပါသလဲ။
KZH-ကျနော်တို့ရန်ကုန်ယူနိုက်တက်ရဲ့ရည်မှန်းချက်က Dream Big Play Hard ဆိုတဲ့အတိုင်းဘယ်ပြိုင်ပွဲမဆို ချန်ပီယံဖြစ်ဖို့အတွက်ပဲကစားပါတယ်။ ဒါကလဲပြိုင်ပွဲဝင်အသင်းတိုင်းလိုလိုထားတဲ့ရည်းမှန်ချက်ပါပဲ။လက်ရှိအသင်းခြေစွမ်းကတော့ အရင်ထက်အများကြီးပိုကောင်းလာနေပါပြီ ပိုပြီးတည်ငြိမ်လာသလို ကစားသမားတွေလဲဘောလုံးကိုဘောလုံးလိုကစားရတဲ့အတွက်အရင်ထက်ပိုစည်းလုံးလာပါတယ်လို့မြင်ပါတယ်။
FFM-လက်ရှိအချိန်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ ကစားသမားတွေအနေနဲ့ ဖိအားပိုမိုများတာတော့အမှန်ပါပဲ။ အောင်မြင်မှုထိန်းသိမ်းဖို့ ကစားသမား တစ်ယောက်အနေနဲ့ ဘယ်လို ပြင်ဆင်ထားသင့်ပါသလဲ။
KZH-ဒီကာလအတွင်းမှာပြိုင်ဆိုင်မှုပြင်းထန်သလို ပွဲတွေကလဲစိပ်တော့ အားလုံးပင်ပန်းကြပါတယ် ဖိအားကတော့ ပြိုင်ဆိုင်မှုပြင်းထန်လေလေ ဖိအားများလေပါပဲ ။ အောင်မြင်မှုကိုထိန်းသိန်းဖို့ဆိုတာ အောင်မြင်မှုရဖို့ထက်ပိုခက်ခဲပါတယ် ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် ကိုယ်လုပ်တဲ့အလုပ်ကိုတန်ဖိုးထားရပါမယ်သစ္စာရှိရပါမယ် စည်းကမ်းရှိရမယ် စည်းကမ်းရှိရမယ်ဆိုတာ အနေအထိုင်အသွားအလာအစားအသောက်အားလုံးပါပါတယ် ပြီးတော့ လေ့လာနေရပါမယ် နောက်ဆုံးတစ်ခုက အောင်မြင်မှုဒါဏ်ကိုခံနိုင်ရပါမယ်။
FFM-မျက်နှာသစ် ဂိုးသမားတွေအပေါ်မှာကော အကို့အနေနဲ့ ဘယ်လိုများ အကြံပြုချင်ပါသလဲ။
KZH-ဂိုးသမား ဘောလုံးသမားအားလုံးရဲ့အိမ်မက်က နိုင်ငံ့လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့ပါပဲ အဲ့တေ့ာနောက်တက်လာမယ်မျိုးဆက်သစ်ဂိုးသမားတွေကို
ကြိုးစားကြပါလို့ ကျနော်တို့စီနီယာတွေကလဲ နေရာဖယ်ပေးဖို့ အဆင်သင့်ပါ တစ်ခုပဲ ကြိုးစားလို့လက်ရွေးစင်ဂိုးသမားတစ်ယောက်ဖြစ်လာခဲ့ရင် နိုင်ငံ့အပေါ်ကို`သစ္စာ´ရှိကြပါ လို့ အဓိကပြောချင်ပါတယ်။
FFM-အကို့ အတွက် မှတ်မှတ်ရရအဖြစ်ဆုံး ဘောလုံးပွဲ ရှိပါသလား ခင်ဗျာ။ ဘာကြောင့်ပါလဲ။
KZH- ၂၀၀၇ ထိုင်းဆီးဂိမ်း ဆီမီးဖိုင်နယ် ဗီယက်နမ်ကိုပင်နယ်တီနဲ့နိုင်ပြီး ဖိုင်နယ်တက်သွားတဲ့ ပွဲက ဘဝမှာအမှတ်တရအရှိဆုံးပွဲပါပဲ။ ပင်နယ်တီကာကွယ်ပြီး အောင်ပွဲခံခဲ့တဲ့ အခိုက်အတန်းလေးကတော့ ဘဝမှာအမှတ်တရအဖြစ်ဆုံးပါပဲ။
ကျေးဇူးတင်ပါတယ်။
<Zawgyi>

Comments