မလေးရှားအသင်းနှင့် မကစားခင် မြတ်ကောင်းခန့်နှင့် ခေတ္တတွေ့ဆုံခြင်း
FFM - ညီလေးတို့ မလေးနဲ့ပွဲမကစားခင် ကို့အသင်းအပေါ် ယုံကြည်မှု ဘယ်လောက်ရှိနေပြီလဲ။
MKK - ကျတော်အသင်းအပေါ်ယုံကြည်မှုကတော့ အပြည့်ရှိပါတယ် နည်းပြအပေါ်ရော အသင်းသားတွေအပေါ်မှာရောအပြည့်အဝယုံကြည်ပါတယ်။
FFM - ခြေစမ်းပွဲတွေ ယှဉ်ပြိုင်မှုမပြုရသေးခင် ကို့အသင်းအထာနဲ့ ကစားသမားတွေအချင်းချင်းနားလည်မှု ရှိနေပြီလား။
MKK - အချင်းချင်းနားလည်မှုကတော့ အတူတူကစားလာတာတော်တော်ကြာပြီဖြစ်လို့ နားလည်မှုအပြည့်ရှိပါတယ်။
FFM - ဒီပြိုင်ပွဲမှာ ဘယ်အဆင့်အထိမျှော်မှန်းထားပါလဲ။
MKK - ကျတော်တို့ လုပ်နိုင်ရင် လုပ်နိုင်သလောက် အမြင့်ဆုံးအဆင့်ထိရောက်နိုင်ပါတယ် ဒါပေမယ့်အခုကာလ က ကိုဗစ်အခြေအနေနဲ့ဆိုတော့ အသင်းတိုင်းတော့ခက်ခဲနေကြပါတယ်။
Comments