top of page
Writer's pictureFFM Sports

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် တွေ့ဆုံခြင်း

<Unicode>

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် တွေ့ဆုံခြင်း

FFM-မသက်ထားသူဇာအနေနဲ့ လက်ရှိ Stay At Home ကာလမှာ Training တွေ ဘယ်လိုများ လုပ်ဖြစ်နေလဲပြောပါဦး။

THTZ-ကိုဗစ်ဖြစ်ခါစ မတ်လလောက်ကတည်းက နေပြည်တော်ကို ပြောင်းလာနေပြီး ပုံမှန်အတိုင်း training တွေကို ဆက်လုပ်ဖြစ်နေပါတယ်.. ရန်ကုန်ကွင်းတွေက ပိတ်ထားတာဖြစ်လို့ ဒီမှာကျတော့ ပိုပြီး လေ့ကျင့်ရတာလည်း အဆင်ပြေလို့ အပြတ်မကွက် training တွေ ဆက်လုပ်နေပါတယ်..

FFM- ကြ က်တောင်အားကစားနဲ့ ပက်သက်ပြီးတော့ မြန်မာပရိသတ်တွေရဲ့ မှတ်မှတ်ထင်ထင် အားအပေးခံရဆုံး ကစားသမားဆိုပြီး သတ်မှတ်ထားကြတဲ့အပေါ်မှာရော ဘယ်လိုများထင်မြင်မိပါသလဲ။

THTZ- အားပေးတဲ့ ပရိတ်သတ်တွေရှိတာကို ဝမ်းသာပြီးတော့ ပြိုင်ပွဲတွေမှာလည်း ပိုပြီး အားတက်ရပါတယ်.. ပရိတ်သတ်ရှိနေတဲ့အတွက်ရော ကိုယ့်နိုင်ငံအတွက်ရော ဆုတွေရအောင် ကြိုးစားပြီး ယှဉ်ပြိုင်ဖို့အတွက် စိတ်ခွန်အားဖြစ်စေပါတယ်.. ကြက်တောင်တင်မကဘဲ တခြားအားကစားကဏ္ဍတွေမှာလည်း ထူးချွန်တဲ့အားကစားသမားတွေ အများကြီးရှိနေတယ်.. မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ကဏ္ဍအသီးသီးမှာ ကြိုးစားနေကြတယ်ဆိုတာကိုလည်း ပြောပြချင်ပါတယ်..

FFM-ကိုဗစ်ကာလအလွန်မှာ ဘယ် နိုင်ငံတကာပွဲတွေကိုရော ယှဥ်ပြိုင်ဖို့ရှိပါသလဲ။

THTZ-ကိုဗစ်အပြီးပြိုင်ပွဲတွေ စရှိလာတာနဲ့ ပြိုင်ပွဲပြန်ဝင်ဖြစ်အောင်လုပ်မှာပါ.. လက်ရှိမှာက ကိုဗစ်ကြောင့် အကုန်နားထားတော့ ဘယ်ပွဲတွေက ဘယ်တော့ပြန်စမယ်ဆိုတာ မပြောနိုင်သေးဘူးဖြစ်နေပါတယ်..

FFM-မသက်ထားအနေနဲ့ လက်ရှိကစားခဲ့သမျှ ပြိုင်ပွဲတွေထဲမှာ ကိုယ့်အတွက်အမှတ်တရအဖြစ်ဆုံး ပွဲရှိရင် ပြောပြပါဦး။

THTZ- ပြိုင်ပွဲတိုင်းကတော့ မတူညီတဲ့ အမှတ်တရတွေ အတွေ့အကြုံတွေ ရှိကြပါတယ်.. တစ်ခုစီကနေ ရတဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေကို နောက်ထပ်ကြုံလာမယ့်ပွဲတွေနဲ့ ကိစ္စတွေအတွက် သင်ခန်းစာလိုသဘောထားပြီး အမြဲ မှတ်ထားဖြစ်ပါတယ်..

FFM- ကြက်တောင်အားကစားဝါသနာပါတဲ့ မျက်နှာသစ်ကစားသမားတွေကိုရော ဘာများအကြံပေးချင်အားပေးချင်ပါသလဲ ။

THTZ- ကြက်တောင်မှာမှ မဟုတ်ပါဘူး.. တခြား ဘယ်အားကစားမှာမဆို ဝါသနာက အရင်းခံပေမယ့် ဝါသနာကို ရူးသွပ်မှုလေးပါ ထည့်ပြီးလုပ်ဆောင်ရင် ပိုပြီး ထိရောက်တယ်၊ ရှေ့ကိုရောက်နိုင်တယ်လို့ ထင်ပါတယ်.. တကယ်ကို စွဲစွဲမြဲမြဲ ရည်မှန်းချက်ထားပြီး လုပ်ဆောင်နေကြတဲ့သူအားလုံးကို ဘယ်လိုအခက်အခဲပဲရှိရှိ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အားမလျှော့ပဲ သွားကြဖို့ ပြောချင်ပါတယ်.. ကိုဗစ်ကာလမှာ ရှေ့အနာဂတ် ဘယ်လိုဖြစ်မယ်ဆိုတာ မသေချာပေမယ့် ကိုယ့်ဘက်ကတော့ ပြင်ဆင်လေ့ကျင့်စရာရှိတာတွေကို အကောင်းဆုံး ပြင်ဆင်ထားရင် ကိုဗစ်အပြီး အရာအားလုံး ပုံမှန်ဖြစ်တဲ့အခါ ကိုယ့်ဘက် အဆင်သင့်ဖြစ်နေအောင်လို့ပါ..

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ။

<Zawgyi>

FFM-ကိုဗစ်ကာလအလွန်မှာ ဘယ် နိုင်ငံတကာပွဲတွေကိုရော ယှဉ်ပြိုင်ဖို့ရှိပါသလဲ။

77 views0 comments

Comments

Post: Blog2_Post
bottom of page