❇️ပြည်ပရောက် မြန်မာကစားသမားတွေ ခြေစွမ်းပြခဲ့ကြတဲ့ ရက်သတ္တပတ်
🇲🇲အောင်သူ
🆕အောင်သူရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဘူရီယမ်အသင်း ချန်ပီယံဖြစ်ပြီ။
⏺ဘူရီယမ်အသင်းသည် ပစ်ချာရာအသင်းကို ရင်ဆိုင်ရာတွင် အောင်သူကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ပြီး ညာတောင်ပံ တိုက်စစ်တွင် ကစားစေခဲ့သည်။
⏺ အောင်သူ၊ ဆူပါချော့၊ ဆူပါနတ်တို့တိုက်စစ်က အလုပ်ဖြစ်ခဲ့ပြီး ကစားပုံကောင်းမွန်ခဲ့သလို ဂိုးများပါ ရယူပေးခဲ့သည်။
⏺ သူတို့ ၃ယောက်ပေါင်း၏ ပျှမ်းမျှအသက်က ၂၂ နှစ်သာ ရှိနေသည်က ဘူရီယမ်အတွက် တန်ဖိုးကြီးလှသည်။
⏺ပထမဂိုးသည် သူတို့သုံးယောက်၏ တွဲလုံးမှတဆင့် ရယူပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယဂိုးကတော့ အောင်သူ၏ အကွက်မြင်မြင်ဖန်တီးပေးမှုက ရရှိခဲ့ခြင်းဖြစ်သည်။
⏺ပွဲချိန် ၇၈ မိနစ်တွင် အောင်သူကို တင်မ်ဘယ်နှင့် လူစားလဲခဲ့သည်။
⏺ ယခုပွဲရလဒ်ကြောင့် အောင်သူတို့ ဘူရီယမ်အသင်း အမှတ်ပေးပြိုင်ပွဲမပြီးဆုံးခင်မှာပင် ချန်ပီယံဆုကို ရရှိခဲ့သည်။
⏺အောင်သူကတော့ ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးအမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် ပထမဆုံး မြန်မာကစားသမားဖြစ်လာခဲ့သည်။
🇲🇲မောင်မောင်လွင်
🆕မောင်မောင်လွင်၏ လမ်ဖွန်အသင်း အယုဒ္ဓယယူနိုက်တက်ကို အနိုင်ရပြီး ထိုင်းလိဂ် ၂အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
⏺ဧပြီ ၉ ရက်နေ့က ကစားခဲ့သည့် ထိုင်းလိဂ် ၂ပွဲစဥ်တွင် မောင်မောင်လွင် ပွဲထွက်ပါ၀င်ကစားခဲ့သည်။
⏺
အယုဒ္ဓအသင်းကို ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သည်။
⏺ ထရတ်အသင်း ရှုံးပွဲကြုံခဲ့ပြီး ၄မှတ်အကွာ အဆင့် ၃ကို ရောက်ရှိခဲ့ပြီး ဆူခိုထိုင်းကတော့ ၁မှတ်အကွာကနေ ဖိအားပေးနေဆဲ ဖြစ်သည်။
⏺ လမ်ဖွန်အသင်းသည် လက်ကျန် ၃ပွဲကစားရန် ကျန်နေသ ည်။
🇲🇲အောင်ကောင်းမာန်
🆕ထိုင်းလိဂ် ၂ ကလပ် ဥထုံဿာနီအသင်းတွင် ကစားနေသည့် အောင်ကောင်းမာန်သည် ခွန်ကမ်အသင်းနှင့်ပွဲတွင် သွင်းဂိုး ၂ဂိုး ရယူပေးနိုင်ခဲ့သည်။
⏺အသင်း၏ ပွဲထွက်လူစာရင်းတွင် ပါ၀င်ခဲ့သည့် အောင်ကောင်းမာန်သည် အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့သည်။
⏺လက်ရှိ ရလဒ်ကြောင့် ဥထုံဿာနီအသင်းသည် ထိုင်းလိဂ် ၂၏ အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။
🇲🇲သီဟဇော်
🆕ကမ္ဘောဒီးယားလိဂ် ၂ တွင် ကစားနေသော သီဟဇော် ခိုကွန်အသင်းအတွက် ရာသီအဖွင့်ဂိုး သွင်းယူ
⏺သီဟဇော်သည် ယခုပွဲစဥ်တွင် အသင်းပထမလူစာရင်းတွင် ပွဲထွက်ကစားခဲ့သည်။
⏺ပွဲချိန် ၁၉မိနစ်တွင် အသင်းအတွက် သူ၏ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။
⏺ယခုပွဲ ရလဒ်ကြောင့် ခိုကွန်အသင်းသည် အမှတ်ပေးဇယား အဆင့် ၃တွင် ရပ်တည်နေသည်။
🇲🇲ဟိန်းထက်အောင်
🆕မလေးရှားစူပါလိဂ် ကလပ်ဆီလန်ဂေါအသင်းကြီးတွင် ဟိန်းထက်အောင် ပွဲထွက်ပါ၀င်လာပြီးနောက် ကီးဒက်အသင်းကို ဂိုးပြတ်အနိုင်ရ
⏺ဆီလန်ဂေါအသင်းသည် ဟိန်းထက်အောင်ကို လူငယ်အသင်းမှ အသင်းကြီးတွင် နေရာပေးခဲ့ပြီး မလေးရှားစူပါလိဂ်အမှတ်ပေးပြိုင်ပွဲ အဆင့် ၃နေရာတွင် ရပ်တည်နေသည့် ကီးဒက်အသင်းကို ၄ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့သည်။
⏺ယခုပွဲရလဒ်ကြောင့် ဆီလန်ဂေါအသင်းသည် စူပါလိဂ် အဆင့် ၅နေရာတွင် ရပ်တည်နေသည်။
⏺လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် တီရန်ဂါနု အသင်းနှင့် အဝေးကွင်းပွဲစဥ် ကစားရမည်ဖြစ်သည်။
📝သတင်း ⚜️နယ်လ်ဆင်
🖋️ဒီဇိုင်း 🈂️ဟန်ဇော်
💌Football Forward Myanmar - FFM Sports Page ကို အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။
🟡⚫️ FFM Team
🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘🔘
မိတ်ဆွေ 🙂
သင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူပိုသိမှ စျေးကွက်မှာ သင် ရေရှည်ရပ်တည်နိုင်မှာပါ။ 👍🏻👍🏻👍🏻
ကျွန်တော်တို့ Page ရဲ့ အားသာချက်က Facebook တစ်ခုတင်မဟုတ်ပါဘူး။ Twitter, Instagram, Telegram, Viber စတဲ့ Social Network တွေမှာပါ ပရိသတ်တွေ ရှိနေပါပြီ။ 😍😍😍
ဒါကြောင့် ကျွန်တော်တို့ဆီမှာ မိတ်ဆွေ Logo ကို ကြော်ငြာ ရင် တစ်ကြိမ်တည်းနဲ့ မြှားအစင်းပေါင်းများစွာ ပစ်လိုက်သလို စားသုံးသူတွေရဲ့ အမြင်အာရုံကို ရောက်ရှိစေမှာပါ။ 🤭🤭😍😍😍
🎆🎆🎆သင့် ကုန်ပစ္စည်းတွေကို လူပိုမိုသိစေဖို့ ဒီ Page မှာ ကြော်ငြာပါ။🎉🎉🎉☺️
🤔🤔🤔🤗🤗 Followers ၁၃၅, ၇၀၂ ကျော် ရှိတဲ့ ကျွန်တော်တို့ Page မှာ ကြော်ငြာလိုက်ပါ။ 🙂🙂🙂
မိတ်ဆွေရဲ့ Logo ကို ရာခိုင်နှုန်း ဘယ်လောက်ပါစေချင်လဲ။ 😉😍🥰
ကြော်ငြာအတွက်ဆက်သွယ်ရန်။ footballforwardmyanmar@gmail.com ဒါမှမဟုတ် Page Messenger ဒါမှမဟုတ် ဖုန်းနံပါတ် +66929189904 (Viber) ကနေလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ် 👏👏👏🙂☺😍
Viber Link =>
https://invite.viber.com/?g2=AQALwjm%2F2DGJEU20Po3oFEAwibUHLxD9v4yDUeVLJSTMzHqIrewx0goD7KLomC25
⭐⭐⭐⭐⭐⭐⭐⭐
Instagram Link =>
https://www.instagram.com/footballforwardmyanmar?r=nametag
⭐⭐⭐⭐⭐⭐⭐⭐
Telegram Link =>
https://t.me/ffmsports
⭐⭐⭐⭐⭐⭐⭐⭐
Twitter Link =>
https://twitter.com/forward_myanmar?s=09
⭐⭐⭐⭐⭐⭐⭐⭐
Youtube Link =>
https://youtube.com/channel/UCHe2RwTHPh0SIPkvXNt3gVA
⭐⭐⭐⭐⭐⭐⭐⭐
Website Link =>
http://wix.to/ZcBBDWM?ref=2_cl
⭐⭐⭐⭐⭐⭐⭐⭐
Comments