top of page

သမိုင်းထဲက မြန်မာ့ဘောလုံး

  • Writer: FFM Sports
    FFM Sports
  • Sep 27, 2021
  • 0 min read

<Unicode>

သမိုင်းထဲက မြန်မာ့ဘောလုံး

==========

မူရင်း Myanmar Football Federation


၁၉၄၉ ခုနှစ်ကုန်ခါနီးမှာ ဥရောပဘောလုံးကလပ် အသင်းတစ်သင်း ရန်ကုန်ကိုလာရောက် ကစားခဲ့ဖူးပါတယ်။ ဆွီဒင်ကလပ် ဟဲလ်ဆင်ဘော့ဂ် အသင်းပါ။ ဟဲလ်ဆင်ဘော့ဂ်ဟာ မြန်မာပြည်ကို ပထမဆုံးလာရောက်ကစားတဲ့ ဥရောပကလပ်တော့မဟုတ်ဘဲ ၁၉၃၇ မှာ အင်္ဂလန်အပျော်တမ်းကလပ် ကော်ရင်သီယံအသင်း လာရောက်ပြီး မိတ်ဆက်ပွဲတစ်ပွဲ ကစားခဲ့ဖူးပါတယ်။ ဟဲလ်ဆင်ဘော့ဂ်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှာ ပထမဆုံးလာကစားတဲ့ ဥရောပအသင်းတစ်သင်း ဖြစ်ခဲ့တာပါ။


ဆွီဒင် အဆင့်မြင့်တန်းကလပ် ဟဲလ်ဆင်ဘော့ဂ်အသင်းဟာ အဲဒီကာလတုန်းက ကြေးစားတစ်ပိုင်း ဘောလုံးအသင်းတစ်သင်းဖြစ်ပြီး ယနေ့ခေတ်အခါမှာ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အသင်းဖြစ်ပါတယ်။


Dream tour in East Asia ခရီးစဉ်အဖြစ် ၁၉၄၉ ခုနှစ်မှာ လာရောက်ခဲ့တဲ့ ဟဲလ်ဆင်ဘော့ဂ်အသင်းဟာ ဆိုင်ဂုံစီးတီးအသင်း၊ ဗီယက်နမ်လက်ရွေးစင်အသင်း၊ ဟောင်ကောင်စီးတီးအသင်း၊ တရုတ်အိုလံပစ်အသင်း၊ မိုဟမ်ဘေဂမ်အသင်း၊ အရှေ့ဘင်ဂေါအသင်း၊ ကာလ်ကတ္တားအသင်း၊ မြန်မာ့လက်ရွေးစင်အသင်း၊ အီဂျစ်လက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲ စုစုပေါင်း ၁၂ ပွဲကစား ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၁၁ ပွဲအနိုင်ရပြီး တစ်ပွဲသရေကျခဲ့ပါတယ်။


ဟဲလ်ဆင်ဘော့ဂ်အသင်းက Three back game လို့ခေါ်တဲ့ နောက်တန်းသုံးယောက် ၃-၂-၅ ပုံစံထားကစားတဲ့ အသင်းဖြစ်ပြီး သူတို့လာရောက်ကစားတော့မှပဲ အဲဒီပုံစံကို မြန်မာကစားသမားတွေကိုယ်တိုင် မြင်တွေ့ဖူးခဲ့ကြပါတယ်။ ဟဲလ်ဆင်ဘော့ဂ်အသင်း မလာမီတုန်းက မြန်မာ့ဘောလုံးလောကမှာ နောက်တန်းနှစ်ယောက်ထားတဲ့စနစ်နဲ့ ကစားနေခဲ့ကြတာပါ။


ဟဲလ်ဆင်ဘော့ဂ်အသင်းဟာ ရန်ကုန်မြို့ကို ဒီဇင်ဘာလမှာ ရောက်ရှိလာခဲ့ပြီး ရန်ကုန်ဘောလုံးရာသီပြီးဆုံးတဲ့ အချိန်ဖြစ်ပါတယ်။ မြန်မာဘောလုံးသမားတွေ ဘောလုံးနဲ့ကွာဝေးနေချိန်ဖြစ်လို့ ဆွီဒင်ကလပ်နဲ့ကစားဖို့ စုပေါင်းခေါ်ယူ လူရွေးပွဲကျင်းပခဲ့ရပါသေးတယ်။ မြန်မာအသင်းဟာ ဟဲလ်ဆင်ဘော့ဂ်နဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပါတယ်။


ပထမပွဲ (၉-၁၂-၄၉)

----------

ဟဲလ်ဆင်ဘော့ဂ် ၄-၀ မြန်မာ

ဒိုင်လူကြီး မေဂျာဝက်ဘ်


ဆွီဒင်ကလပ်က ဘောလုံးကိုပိုင်ပိုင်နိုင်နိုင် ကစားသွားပြီး ဂိုးသွင်းခွင့်တွေကို မလွတ်တမ်း အသုံးချနိုင်တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး၊ ဒုတိယပိုင်းမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နေရောင်ကာဦးထုပ်ဆောင်းပြီး ကစားသွားတဲ့ ဟဲလ်ဆင်ဘော့ဂ် ဂိုးသမားရဲ့ပုံစံက အဲဒီခေတ်အခါမှာ အမြင်ဆန်းနေသလို ဘောလုံးဖမ်းမိတဲ့အခါတွေမှာလည်း ကန်တင်မပေးဘဲ လက်နဲ့အရှေ့ကို ချပေးတဲ့အခါပေးပြီး တစ်ခါတစ်ခါမှာ ကိုယ့်လူရှိရာဆီ အသာလှိမ့်ပေးလိုက်ပုံတွေက ပရိသတ်တွေအတွက် အမြင်ဆန်းနေခဲ့ပါတယ်။


ဒါ့အပြင် သုံးယောက်တန်း အလယ်လူက နောက်ချန်ကစားပြီး နောက်ပြန်ပေးကစားသွားပုံတွေကလည်း မြန်မာတို့ကစားနေကျ အနေအထားနဲ့မတူလို့ ထူးဆန်းနေပြီး စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ ကွင်းလယ်ဗဟိုစည်းနားကို ဘောလုံးရောက်နေချိန်များမှာတောင် နောက်ပြန်ပေးတာကို ပရိသတ်တွေ တအံ့တဩရှိခဲ့ကြပါတယ်။


မြန်မာအသင်းဘက်က ဂိုး- အော့ကင်း၊ နောက်တန်း- ရော့ဒရစ်၊ လှကြိုင်၊ အလယ်တန်း- စောနီ၊ ဘခို၊ မန်ရို၊ ရှေ့တန်း- ဗင်ဒေါ့ကန်၊ ဂွမ်ရှိန်၊ ပတ်စလေ၊ ဘသန်းနဲ့ ဘွန်ဂတ်တို့ ပါဝင်ကစားခဲ့ကြပါတယ်။


ဒုတိယပွဲ (၁၁-၁၂-၄၉)

-----------

ဟဲလ်ဆင်ဘော့ဂ် ၄-၂ မြန်မာ

ဘရွှေ (နှစ်ဂိုး)


ဒုတိယပွဲမှာလည်း ဆွီဒင်ကလပ်ကပဲ အနိုင်ရခဲ့ပေမယ့် မြန်မာအသင်းက နှစ်ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ဟဲလ်ဆင်ဘော့ဂ်အသင်းရဲ့ အာရှခြေစမ်းခရီးမှာ ဘယ်အသင်းကမှ နှစ်ဂိုးပြန်မသွင်းနိုင်ဘဲ မြန်မာတို့က နှစ်ဂိုးပြန်ရအောင်သွင်းနိုင်ခဲ့လို့ ချီးကျူးခံခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာအသင်းတိုက်စစ်က ရှေ့တန်းအလယ်လူ ဘရွှေကစားသွားပုံနဲ့ ဂိုးသွင်းပုံ အဆင့်အတန်းမြင့်လှတယ်လို့ ချီးကျူးခဲ့ကြပါတယ်။ နှစ်ဂိုးသွင်းတဲ့ ဘရွှေရဲ့ ဂိုးသွင်းပုံကို မျက်စိထဲကမထွက်ဘဲ အမြဲမြင်ယောင်နေတယ်လို့ အဲဒီတုန်းက ပရိသတ်တချို့က ပြောဆိုခဲ့ကြသလို ဘရွှေသွင်းယူတဲ့ ဒုတိယဂိုးက မြေမကျ Volley ကန်ချက်ဖြစ်လို့ အလွန်လှတဲ့ဂိုးဖြစ်တယ်လို့ ပြောမဆုံးအောင် ဖြစ်ခဲ့ရပါတယ်။


ပွဲချိန် ၁၅ မိနစ်မှာ နောက်တန်းက ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို စောနီဆွဲပြေးပြီး ဂွမ်ရှိန်ဆီကိုပေး၊ ဂွမ်ရှိန်က ဘရွှေဆီကို ထပ်မံပေးပို့ရာမှာ ဘရွှေဆွဲပြေးပြီး မနားတမ်း ကန်သွင်းလိုက်လို့ ဆွီဒင်ဂိုးသမား မှောက်လျက်သားကျန်ရစ်ပြီး ဂိုးဝင်သွားလို့ မြန်မာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဆွီဒင်ကလပ်က ပြန်လည်ထိုးဖောက်ပြီး ၁၉ မိနစ်နဲ့ ၃၄ မိနစ်မှာ ဂိုးတွေသွင်းသွားလို့ ပထမပိုင်းအပြီးမှာ ၂-၁ ဖြစ်နေခဲ့ပါတယ်။


ဒုတိယပိုင်း ၁၀ မိနစ်မှာ ဟဲလ်ဆင်ဘော့ဂ်တို့ တတိယဂိုးရခဲ့ပြီး ၁၂ မိနစ်မှာ မြန်မာအသင်းက ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။ လှကြိုင်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဌေးဌေးရသွားပြီး ဂိုးရှေ့မှာရှိတဲ့ ဘရွှေထံပေးပို့လိုက်ရာမှာ ဘရွှေက မနားတမ်း မြေမကျကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၂၁ မိနစ်မှာ ဟဲလ်ဆင်ဘော့ဂ်က တစ်ဂိုးထပ်သွင်းပြီး ပွဲအပြီးမှာ ၄-၂ ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။


မြန်မာအသင်းမှာ ပါဝင်ကစားခဲ့ကြသူတွေကတော့ ဂိုး- အော့ကင်း၊ နောက်တန်း- ရော့ဒရစ်၊ တင်လေး၊ အလယ်တန်း- စောနီ၊ လှကြိုင်၊ လှအေး၊ ရှေ့တန်း- အေးမောင်၊ ဂွမ်ရှိန်၊ ဘရွှေ၊ ဘသန်းနဲ့ ဌေးဌေးတို့ ဖြစ်ကြပါတယ်။


<Zawgyi>

သမိုင္းထဲက ျမန္မာ့ေဘာလုံး

==========

မူရင္း Myanmar Football Federation


၁၉၄၉ ခုႏွစ္ကုန္ခါနီးမွာ ဥေရာပေဘာလုံးကလပ္ အသင္းတစ္သင္း ရန္ကုန္ကိုလာေရာက္ ကစားခဲ့ဖူးပါတယ္။ ဆြီဒင္ကလပ္ ဟဲလ္ဆင္ေဘာ့ဂ္ အသင္းပါ။ ဟဲလ္ဆင္ေဘာ့ဂ္ဟာ ျမန္မာျပည္ကို ပထမဆုံးလာေရာက္ကစားတဲ့ ဥေရာပကလပ္ေတာ့မဟုတ္ဘဲ ၁၉၃၇ မွာ အဂၤလန္အေပ်ာ္တမ္းကလပ္ ေကာ္ရင္သီယံအသင္း လာေရာက္ၿပီး မိတ္ဆက္ပြဲတစ္ပြဲ ကစားခဲ့ဖူးပါတယ္။ ဟဲလ္ဆင္ေဘာ့ဂ္ကေတာ့ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးခ်ိန္မွာ ပထမဆုံးလာကစားတဲ့ ဥေရာပအသင္းတစ္သင္း ျဖစ္ခဲ့တာပါ။


ဆြီဒင္ အဆင့္ျမင့္တန္းကလပ္ ဟဲလ္ဆင္ေဘာ့ဂ္အသင္းဟာ အဲဒီကာလတုန္းက ေၾကးစားတစ္ပိုင္း ေဘာလုံးအသင္းတစ္သင္းျဖစ္ၿပီး ယေန႔ေခတ္အခါမွာ ဥေရာပၿပိဳင္ပြဲေတြမွာ ပါဝင္ယွဉ္ၿပိဳင္ခဲ့ဖူးတဲ့ အသင္းျဖစ္ပါတယ္။


Dream tour in East Asia ခရီးစဉ္အျဖစ္ ၁၉၄၉ ခုႏွစ္မွာ လာေရာက္ခဲ့တဲ့ ဟဲလ္ဆင္ေဘာ့ဂ္အသင္းဟာ ဆိုင္ဂုံစီးတီးအသင္း၊ ဗီယက္နမ္လက္ေရြးစင္အသင္း၊ ေဟာင္ေကာင္စီးတီးအသင္း၊ တ႐ုတ္အိုလံပစ္အသင္း၊ မိုဟမ္ေဘဂမ္အသင္း၊ အေရွ႕ဘင္ေဂါအသင္း၊ ကာလ္ကတၱားအသင္း၊ ျမန္မာ့လက္ေရြးစင္အသင္း၊ အီဂ်စ္လက္ေရြးစင္အသင္းတို႔နဲ႔ ေျခစမ္းပြဲ စုစုေပါင္း ၁၂ ပြဲကစား ယွဉ္ၿပိဳင္ကစားခဲ့ရာမွာ ၁၁ ပြဲအႏိုင္ရၿပီး တစ္ပြဲသေရက်ခဲ့ပါတယ္။


ဟဲလ္ဆင္ေဘာ့ဂ္အသင္းက Three back game လို႔ေခၚတဲ့ ေနာက္တန္းသုံးေယာက္ ၃-၂-၅ ပုံစံထားကစားတဲ့ အသင္းျဖစ္ၿပီး သူတို႔လာေရာက္ကစားေတာ့မွပဲ အဲဒီပုံစံကို ျမန္မာကစားသမားေတြကိုယ္တိုင္ ျမင္ေတြ႕ဖူးခဲ့ၾကပါတယ္။ ဟဲလ္ဆင္ေဘာ့ဂ္အသင္း မလာမီတုန္းက ျမန္မာ့ေဘာလုံးေလာကမွာ ေနာက္တန္းႏွစ္ေယာက္ထားတဲ့စနစ္နဲ႔ ကစားေနခဲ့ၾကတာပါ။


ဟဲလ္ဆင္ေဘာ့ဂ္အသင္းဟာ ရန္ကုန္ၿမိဳ႕ကို ဒီဇင္ဘာလမွာ ေရာက္ရွိလာခဲ့ၿပီး ရန္ကုန္ေဘာလုံးရာသီၿပီးဆုံးတဲ့ အခ်ိန္ျဖစ္ပါတယ္။ ျမန္မာေဘာလုံးသမားေတြ ေဘာလုံးနဲ႔ကြာေဝးေနခ်ိန္ျဖစ္လို႔ ဆြီဒင္ကလပ္နဲ႔ကစားဖို႔ စုေပါင္းေခၚယူ လူေရြးပြဲက်င္းပခဲ့ရပါေသးတယ္။ ျမန္မာအသင္းဟာ ဟဲလ္ဆင္ေဘာ့ဂ္နဲ႔ ေျခစမ္းပြဲႏွစ္ပြဲ ကစားခဲ့ပါတယ္။


ပထမပြဲ (၉-၁၂-၄၉)

----------

ဟဲလ္ဆင္ေဘာ့ဂ္ ၄-၀ ျမန္မာ

ဒိုင္လူႀကီး ေမဂ်ာဝက္ဘ္


ဆြီဒင္ကလပ္က ေဘာလုံးကိုပိုင္ပိုင္ႏိုင္ႏိုင္ ကစားသြားၿပီး ဂိုးသြင္းခြင့္ေတြကို မလြတ္တမ္း အသုံးခ်ႏိုင္တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး၊ ဒုတိယပိုင္းမွာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ေနေရာင္ကာဦးထုပ္ေဆာင္းၿပီး ကစားသြားတဲ့ ဟဲလ္ဆင္ေဘာ့ဂ္ ဂိုးသမားရဲ႕ပုံစံက အဲဒီေခတ္အခါမွာ အျမင္ဆန္းေနသလို ေဘာလုံးဖမ္းမိတဲ့အခါေတြမွာလည္း ကန္တင္မေပးဘဲ လက္နဲ႔အေရွ႕ကို ခ်ေပးတဲ့အခါေပးၿပီး တစ္ခါတစ္ခါမွာ ကိုယ့္လူရွိရာဆီ အသာလွိမ့္ေပးလိုက္ပုံေတြက ပရိသတ္ေတြအတြက္ အျမင္ဆန္းေနခဲ့ပါတယ္။


ဒါ႔အျပင္ သုံးေယာက္တန္း အလယ္လူက ေနာက္ခ်န္ကစားၿပီး ေနာက္ျပန္ေပးကစားသြားပုံေတြကလည္း ျမန္မာတို႔ကစားေနက် အေနအထားနဲ႔မတူလို႔ ထူးဆန္းေနၿပီး စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။ ကြင္းလယ္ဗဟိုစည္းနားကို ေဘာလုံးေရာက္ေနခ်ိန္မ်ားမွာေတာင္ ေနာက္ျပန္ေပးတာကို ပရိသတ္ေတြ တအံ့တဩရွိခဲ့ၾကပါတယ္။


ျမန္မာအသင္းဘက္က ဂိုး- ေအာ့ကင္း၊ ေနာက္တန္း- ေရာ့ဒရစ္၊ လွႀကိဳင္၊ အလယ္တန္း- ေစာနီ၊ ဘခို၊ မန္႐ို၊ ေရွ႕တန္း- ဗင္ေဒါ႔ကန္၊ ဂြမ္ရွိန္၊ ပတ္စေလ၊ ဘသန္းနဲ႔ ဘြန္ဂတ္တို႔ ပါဝင္ကစားခဲ့ၾကပါတယ္။


ဒုတိယပြဲ (၁၁-၁၂-၄၉)

-----------

ဟဲလ္ဆင္ေဘာ့ဂ္ ၄-၂ ျမန္မာ

ဘေရႊ (ႏွစ္ဂိုး)


ဒုတိယပြဲမွာလည္း ဆြီဒင္ကလပ္ကပဲ အႏိုင္ရခဲ့ေပမယ့္ ျမန္မာအသင္းက ႏွစ္ဂိုးျပန္သြင္းႏိုင္ခဲ့ပါတယ္။ ဟဲလ္ဆင္ေဘာ့ဂ္အသင္းရဲ႕ အာရွေျခစမ္းခရီးမွာ ဘယ္အသင္းကမွ ႏွစ္ဂိုးျပန္မသြင္းႏိုင္ဘဲ ျမန္မာတို႔က ႏွစ္ဂိုးျပန္ရေအာင္သြင္းႏိုင္ခဲ့လို႔ ခ်ီးက်ဴးခံခဲ့ရပါတယ္။ အထူးသျဖင့္ ျမန္မာအသင္းတိုက္စစ္က ေရွ႕တန္းအလယ္လူ ဘေရႊကစားသြားပုံနဲ႔ ဂိုးသြင္းပုံ အဆင့္အတန္းျမင့္လွတယ္လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။ ႏွစ္ဂိုးသြင္းတဲ့ ဘေရႊရဲ႕ ဂိုးသြင္းပုံကို မ်က္စိထဲကမထြက္ဘဲ အၿမဲျမင္ေယာင္ေနတယ္လို႔ အဲဒီတုန္းက ပရိသတ္တခ်ိဳ႕က ေျပာဆိုခဲ့ၾကသလို ဘေရႊသြင္းယူတဲ့ ဒုတိယဂိုးက ေျမမက် Volley ကန္ခ်က္ျဖစ္လို႔ အလြန္လွတဲ့ဂိုးျဖစ္တယ္လို႔ ေျပာမဆုံးေအာင္ ျဖစ္ခဲ့ရပါတယ္။


ပြဲခ်ိန္ ၁၅ မိနစ္မွာ ေနာက္တန္းက ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေစာနီဆြဲေျပးၿပီး ဂြမ္ရွိန္ဆီကိုေပး၊ ဂြမ္ရွိန္က ဘေရႊဆီကို ထပ္မံေပးပို႔ရာမွာ ဘေရႊဆြဲေျပးၿပီး မနားတမ္း ကန္သြင္းလိုက္လို႔ ဆြီဒင္ဂိုးသမား ေမွာက္လ်က္သားက်န္ရစ္ၿပီး ဂိုးဝင္သြားလို႔ ျမန္မာတို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။ ဆြီဒင္ကလပ္က ျပန္လည္ထိုးေဖာက္ၿပီး ၁၉ မိနစ္နဲ႔ ၃၄ မိနစ္မွာ ဂိုးေတြသြင္းသြားလို႔ ပထမပိုင္းအၿပီးမွာ ၂-၁ ျဖစ္ေနခဲ့ပါတယ္။


ဒုတိယပိုင္း ၁၀ မိနစ္မွာ ဟဲလ္ဆင္ေဘာ့ဂ္တို႔ တတိယဂိုးရခဲ့ၿပီး ၁၂ မိနစ္မွာ ျမန္မာအသင္းက ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ပါတယ္။ လွႀကိဳင္ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေဌးေဌးရသြားၿပီး ဂိုးေရွ႕မွာရွိတဲ့ ဘေရႊထံေပးပို႔လိုက္ရာမွာ ဘေရႊက မနားတမ္း ေျမမက်ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ဒုတိယပိုင္း ပြဲခ်ိန္ ၂၁ မိနစ္မွာ ဟဲလ္ဆင္ေဘာ့ဂ္က တစ္ဂိုးထပ္သြင္းၿပီး ပြဲအၿပီးမွာ ၄-၂ ဂိုးနဲ႔ အႏိုင္ယူသြားခဲ့ပါတယ္။


ျမန္မာအသင္းမွာ ပါဝင္ကစားခဲ့ၾကသူေတြကေတာ့ ဂိုး- ေအာ့ကင္း၊ ေနာက္တန္း- ေရာ့ဒရစ္၊ တင္ေလး၊ အလယ္တန္း- ေစာနီ၊ လွႀကိဳင္၊ လွေအး၊ ေရွ႕တန္း- ေအးေမာင္၊ ဂြမ္ရွိန္၊ ဘေရႊ၊ ဘသန္းနဲ႔ ေဌးေဌးတို႔ ျဖစ္ၾကပါတယ္။


Comments


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page